Monday, April 26, 2021

၁လကြာဖမ်းဆီးခံထားရတဲ့ မန်ဆာကျေးရွားသား၂ဦး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေး

 ၁လကြာဖမ်းဆီးခံထားရတဲ့ မန်ဆာကျေးရွားသား၂ဦး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေး

နမ္မတူ | မားနဂါး | ဧပြီလ ၂၆ | ၂၀၂၁ခုနှစ် ။
နမ္မတူမြို့နယ်ရှိ မန်ဆာကျေးရွာသား ၂ဦး ၁လကြာဖမ်းဆီးထားခံရပြီး လက်ရှိချိန်ထိ အဆက်အသွယ်မရရှိသေး တဲ့အတွက် မိသားစုဝင်တွေက စိတ်ပူနေကြတယ်လို့ ဒေသခံတစ်ဦးမားနဂါးသတင်းဌာနကို ဒီကနေ့ ဧပြီလ ၂၆ရက်နေ့မှာပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ၂၈ ရက် ညနေ ရနာရီခွဲအချိန်မှာ RCSS တပ်ဖွဲ့ဝင် ရဦးမှ မန်ဆာကျေးရွာခံဖြစ်တဲ့ ကိုချစ်မောင် လေးနဲ့ ဦးအိုက်ငင်းတို့နှစ်ဦးကို နေအိမ်ထိလာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။
ကျေးရွာသားနှစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီး ကျေးရွာတာဝန်ရှိသူတစ်ဦး
"သူတို့က ရိုးရိုးလေးပဲဖမ်းပြီးခေါ်ဆောင်သွားတယ်။ ကျေးရွာတာဝန်ရှိသူတွေကိုလည်း အသိမပေးအကြောင်း မကြားဘူး။ ဘာအကြောင်းပြချက်နဲ့လာဖမ်းလည်းမသိဘူး။ သူတို့နေအိမ်ထိလာခေါ်သွားတာဖြစ်တယ်။ လက်ရှိချိန်ထိဆက်သွယ်လို့မရသေးဘူး။ "လို့ မားနဂါးသတင်းဌာနကိုပြောပါတယ်။
ကိုချစ်မောင်လေးကိုဖမ်းသွားတာမကြာသေးခင်မှာဘဲ တိုက်ပွဲကြောင့် ၎င်းရဲ့နေအိမ်လည်း မီးလောင်မှုဖြစ်ပွား ပြီး မိသားစုဝင်တွေက မန်စံကျေးရွာ စစ်ရှောင်တွေနဲ့အတူ ခိုလှုံနေကြတယ်လို့သိရတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁ဝရက်နေ့မှာလည်း RCSS တပ်ဖွဲ့တစ်ချို့မှ ရေအိုးကျေးရွာသူကြီး ဦးကြာယုံနဲ့ အသက်(၁၉)နှစ် အရွယ်ရှိ သားဖြစ်သူ နေဦးနဲ့ အသက်(၁၇)နှစ်အရွယ်ရှိ နေဆွာတို့ ၃ဦးတို့လည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိ အချိန်ထိမိသားစုဝင်တွေနဲ့အဆက်အသွယ်မရရှိသေးဘူးလို့ ဒေသခံတွေကနေတစ်ဆင့်သိရပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4478563045506219?__cft__[0]=AZWZxSnxCsVbWqQzaxHQGBf_ofytVdTObxkUefD048stKD4Fnv9BQFMgSpO4eZbf0GnCgBsl3e0cmWowXAbuatfa8FDh64zAj_iMih8aj2sICNsT-UkM9xdd6QG3tbWM7RXxPPJ3K4-WtYPIQilPlpH1&__tn__=%2CO%2CP-R

No comments:

Post a Comment