Sunday, April 25, 2021

အာဆီယံ၏ သဘောတူညီချက် ငါးခုသည် မြန်မာနိုင်ငံ အကျပ်အတည်းကိုဖြေရှင်းရန် အာဆီယံ၏ လုပ်ဆောင်ဆဲ ကြိုးစား အားထုတ်မှုများတွင် အားတက်စရာ ခြေလှမ်းဟု ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ် ကြေညာချက် ထုတ်ပြန်

 အာဆီယံ၏ သဘောတူညီချက် ငါးခုသည် မြန်မာနိုင်ငံ အကျပ်အတည်းကိုဖြေရှင်းရန် အာဆီယံ၏ လုပ်ဆောင်ဆဲ ကြိုးစား အားထုတ်မှုများတွင် အားတက်စရာ ခြေလှမ်းဟု ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ် ကြေညာချက် ထုတ်ပြန်

NEWS


PUBLISHED 26 APRIL 2021

ဧပြီ ၂၄ ရက်က အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ သဘောတူညီချက်ငါးခုသည် မြန်မာနိုင်ငံ၏ လတ်တလော အကျပ်အတည်းကိုဖြေရှင်းရန် အာဆီယံ၏လုပ်ဆောင်ဆ ဲကြိုးပမ်း အားထုတ်မှုများတွင် အားတက်စရာ ရှေ့ဦးခြေလှမ်းဖြစ်ကြောင်း ဥရောပသမဂ္ဂအထူးကိုယ်စားလှယ် ဂျ်ိုးဆက်ဘောရယ်က ထုတ်ပြန်ခဲ့သည်။


 


အကြမ်းဖက်မှုချက်ချင်းရပ်ရန်၊ ငြိမ်းချမ်းသည့်ဖြေရှင်းမှုရရှိရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးပါဝင်သည့် အပြုသဘောဆောင်သော စေ့စပ်ညှိနှိုင်းမှုစတင်ရန်၊ အာဆီယံအစည်းအဝေးတွင်ရရှိခဲ့သည့် သဘောတူညီမှုများကိုထောက်ခံရန် အာဆီယံနှင့်အတူ ဥရောပသမဂ္ဂက တောင်းဆိုခဲ့သည်။


 


သက်ဆိုင်ရာအဖွဲ့အစည်းများအကြား စေ့စပ်ညှိုနှိုင်းရေးကို အထောက်အကူပြုရန် အာဆီယံသံတမန်တစ်ဦးခန့်အပ်ရေးသည်  အရေးပါသော အလုပ်တာဝန်တစ်ရပ်ဖြစ်ပြီး အဆိုပါသံတမန်သည် မြန််မာနိုင်ငံက အဖွဲ့အစည်းအားလုံးနှင့် အမှန်တကယ် စေ့စပ်ညှိုနှိုင်းရန် လိုအပ်မည်ဟုဆိုသည်။


 


လက်ရှိကာလအတွင်း ဖမ်းဆီးခံထားရသော နို်င်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရန်အတွက်လည်း ဥရောပ သမဂ္ဂက ဆက်လက်တောင်းဆိုမည်ဖြစ်သည်။


 


ကောင်းမွန်သည့်ယုံကြည်မှုနှင့် အကျပ်အတည်းကိုဖြေရှင်းလိုကြသည့်အရေးပါသော သက်ဆိုင်သူအားလုံးနှင့် စေ့စပ်ညှိုနှိုင်းမှုကို ထောက်ခံရန် မိမိတို့ အဆင်သင့်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။'

https://news-eleven.com/article/207317

No comments:

Post a Comment