အာဆီယံ၏ မြန်မာ့အရေး ထုတ်ပြန်ချက်တွင် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေးနှင့် ပတ်သက်၍ ပြောင်းလဲထားခဲ့ဟု ရိုက်တာသတင်းဌာနဖော်ပြ
NEWS
PUBLISHED 26 APRIL 2021 REF: REUTERS
မြန်မာ့အရေးပတ်သက်သည့် အာဆီယံခေါင်းဆောင်များ၏ အစည်းအဝေးမတိုင်မီ တစ်ရက်အလိုတွင် ကြေညာချက်မူ ကြမ်းသည်ပျံ့နှံ့ခဲ့ပြီး ယင်းကြေညာချက် မူကြမ်းတွင် ဘုံသဘောတူညီချက်ငါးချက် အနက် တစ်ချက်ဖြစ်သော နိုင်ငံရေးအကျဉ်း သားများပြန်လွှတ်ပေးရေးဆိုသည့် အချက် ပါဝင်ခဲ့ကြောင်း အဆိုပါကြေညာချက်ကို သိရှိထားသည့် သတင်းအရင်းအမြစ် သုံးခုက ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
သို့ရာတွင် ဧပြီ ၂၄ ရက် အစည်းအဝေးအပြီး နောက်ဆုံးထုတ်ပြန်ချက်တွင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးနှင့် သက်ဆိုင်သောအသုံးအနှုန်းကို မမျှော်လင့်ဘဲ နုတ်ပယ်တည်းဖြတ်ထားပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးအတွက် ခိုင်ခိုင်မာမာ တောင်းဆိုမှုမပါဝင်ခဲ့ကြောင်း သတင်းအရင်းအမြစ်နှစ်ခုက ပြောကြားသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ခိုင်မာသည့် ရပ်တည်ချက်မရှိခြင်းသည် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများနှင့် တပ်မတော်၏ နိုင်ငံတော်တာဝန်လွှဲပြောင်းယူမှုကို အတိုက်အခံလုပ်နေသူများအကြား တုန်လှုပ်ချောက်ချားမှုကိုဖြစ်ပေါ်စေခဲ့ပြီး အစည်းအဝေးသည် မြန်မာ့တပ်မတော်ခေါင်းဆောင်များကို ထိန်းကြောင်းရန် အောင်မြင်မှု နည်းနည်းသာရခဲ့သည်ဆိုသော ဝေဖန်မှုများ ထွက်ပေါ်လာစေခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အစိုးရ ဆန့်ကျင်သူများကို ဖြိုခွင်းမှုအတွင်း လူ ၃၃၈၉ ဦး ထိန်းသိမ်းခံခဲ့ရပြီး လူ ၇၅၀ နီးပါး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောကြားသည်။
ဧပြီ ၉ ရက်က ပြုလုပ်ခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင်မူ ဆန္ဒ ပြမှုဖြစ်စဉ်များနှင့်ပတ်သက်၍ သေဆုံးခဲ့သူ ၂၄၀ ကျော်ရှိပြီး သေမှုသေခင်းဖွင့်လှစ်ထား ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အာဆီယံအစည်းအဝေးအပြီး အာဆီယံဥက္ကဋ္ဌ၏ကြေညာချက်ဖြစ်သည့် ဘုံသဘောတူညီချက်ငါးရပ်သည် နိုင်ငံရေးအ ကျဉ်းသားများလွှတ်ပေးရေးကို ရည်ညွှန်းခဲ့ခြင်းမရှိခဲ့ပေ။
သို့သော် ၎င်းတို့ကို ပြန်လွှတ်ရေးအ တွက် တောင်းဆိုမှုများကို အစည်းအဝေးက ကြားနာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် သီးခြားဖော်ပြထားသည်။
အစည်းအဝေးအပြီး ခေါင်းဆောင်တချို့နှင့်သံတမန်တချို့က နိုင်ငံရေးအကျဉ်း သားများ ပြန်လွှတ် ပေးရန်တောင်းဆိုရာတွင် ဘုံသဘောတူညီချက်ရရှိခဲ့သည်ဆိုသည့် မှန်း ဆပြောဆိုမှုများရှိခဲ့ခြင်းကြောင့် ရှုပ်ထွေး ခဲ့ရသည်။
“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုရပ်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ဖို့နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ ့အာဆီ ယံ သံတမန်တွေ့ဆုံဖို့အတွက် မလေးရှားက တိုက်တွန်းခဲ့ပါတယ်။ ခေါင်းဆောင်တွေက လည်း အဲဒီအချက်တွေနဲ့ပတ်သက်ပြီး ဘုံ သဘောတူညီချက် ရရှိခဲ့ကြပါတယ်” ဟု ဧပြီ၂၅ ရက်တွင် မလေးရှားနိုင်ငံခြားရေးဝန် ကြီး ဟစ်ရှမန်မူဒင်ဟူဆိန်က လူမှုမီယာတွင် ပြောကြားခဲ့သည်။
https://news-eleven.com/article/207326
No comments:
Post a Comment