Monday, April 26, 2021

မိတ္ထီလာတွင် ဗိုလ်မှူးနှင့် ဗိုလ်ကြီး စကားများရန်ဖြစ်ကာ အချင်းချင်းသေနတ်ဖြင့်ပစ်

မိတ္ထီလာတွင် ဗိုလ်မှူးနှင့် ဗိုလ်ကြီး စကားများရန်ဖြစ်ကာ အချင်းချင်းသေနတ်ဖြင့်ပစ် 

မိတ္ထီလာ ၃၁၅ တပ်မှ ဗိုလ်မှူးဝဏ္ဏဌေးနှင့် မိတ္ထီလာ ၉၉ တပ်မမှ ဗိုလ်ကြီးကောင်းမြတ်သွင်ဆိုသူတို့ မိတ္ထီလာဈေးအနီး အမှတ်(၂) ရဲစခန်းရှေ့တွင် စကားများခဲ့ခြင်းဖြစ်ကာ ဗိုလ်မှူးဖြစ်သူက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်



Myanmar Now

Published on Apr 26, 2021

သေနတ်ဖြင့် အပစ်ခံရသူ မိတ္ထီလာအခြေစိုက် ၉၉ တပ်မမှ ဗိုလ်ကြီးကောင်းမြတ်သွင်။ (ဓာတ်ပုံ − ပေးပို့) 

သေနတ်ဖြင့် အပစ်ခံရသူ မိတ္ထီလာအခြေစိုက် ၉၉ တပ်မမှ ဗိုလ်ကြီးကောင်းမြတ်သွင်။ (ဓာတ်ပုံ − ပေးပို့) 

မန္တလေးတိုင်း မိတ္ထီလာမြို့တွင် ယမန်နေ့ည (ဧပြီ ၂၅) ၉ နာရီခန့်က စစ်တပ်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်ရှိသူနှစ်ဦး အရက်မူးစကားများရာမှ အချင်းချင်းသေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 


အဆိုပါ စစ်တပ်အရာရှိနှစ်ဦးမှာ မိတ္ထီလာ ၃၁၅ တပ်မှ ဗိုလ်မှူးဝဏ္ဏဌေးနှင့် မိတ္ထီလာ ၉၉ တပ်မှ ဗိုလ်ကြီးကောင်းမြတ်သွင်ဆိုသူတို့ဖြစ်ပြီး မိတ္ထီလာဈေးအနီး အမှတ်(၂) ရဲစခန်းရှေ့တွင် စကားများခဲ့ခြင်းဖြစ်ကာ ဗိုလ်မှူးဖြစ်သူက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 


ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးကောင်းမြတ်သွင်သည် သေနတ်ဒဏ်ရာရရှိခဲ့ပြီး ညတွင်းချင်း မိတ္ထီလာစစ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်းနှင့် သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ ဗိုလ်မှူးကို အချုပ်တွင် ယာယီထိန်းသိမ်းထားသည်ဟု သိရသည်။ 


"ဗိုလ်ကြီးကောင်းမြတ်သွင်က ဒီမှာ နာမည်ဆိုးနဲ့ အတော်စွာတဲ့သူ၊ ဟိုတလောက ဝမ်းတွင်းမှာ ဆရာဝန်တစ်ယောက်ကို ပစ်သတ်တာလည်း သူပဲ။ ပြီးတော့ မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ဖမ်းတာလည်းသူပဲ" ဟု မိတ္ထီလာမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။ 




သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့်နေရာ အမှတ်(၂) ရဲစခန်းသည် မိတ္ထီလာဈေးကြီးနှင့် မျက်နှာချင်းဆိုင်တွင်ရှိသော မြို့လယ်ခေါင်နေရာဖြစ်ကာ စစ်ကောင်စီလက်နက်ကိုင် အရာရှိအချင်းချင်း အရက်မူးပစ်ခတ်ခဲ့သဖြင့် မြို့နေပြည်သူများ၏ လုံခြုံရေး ပိုမိုစိုးရိမ်ဖွယ်ရှိသည်ဟု မြို့ခံအချို့က ဆိုသည်။ 


ချင်းပြည်နယ် ဟားခါးမြို့တွင် ဧပြီ ၂၃ ရက်ညပိုင်းက ရဲနှင့် စစ်သားများ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်သားနှစ်ဦးသေဆုံးပြီး ရဲအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအခြေစိုက် မီဒီယာတစ်ခုက ရေးသားဖော်ပြခဲ့သည်။ ထို့အတူ ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်လည်း ယမန်နေ့ (ဧပြီ ၂၅) ညနေပိုင်းက စစ်သားနှင့် ရဲ စကားများရန်ဖြစ်ကာ အချင်းချင်း အပြန်အလှန်ပစ်ခတ်သဖြင့် ရဲတပ်သားသေဆုံးခဲ့ပြီး စစ်သားဖြစ်သူမှာလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု DVB သတင်းတွင် ဖော်ပြသည်။

https://myanmar-now.org/mm/news/6606 

No comments:

Post a Comment