လားရှိုးမြို့ အမှတ် - ၄ တပ်မတော် စစ်သားစုဆောင်းရေး တပ်ဝန်းအတွင်းသို့ လက်လုပ်မိုင်းဖြင့် လာရောက် ပစ်ခတ်မှုဖြစ်ပွား
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ အမှတ် (၁) ရပ်ကွက်၊ကံ့ကော်လမ်းရှိ အမှတ်(၄) တပ်မတော် စစ်သားစုဆောင်းရေးတပ်ဝန်းအတွင်းသို့ ဧပြီ ၂ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်က လက်လုပ်မိုင်းဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်လုပ်မိုင်းဖြင့် လာရောက်ပစ်ခတ်မှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်းနှင့် လာရောက်ပစ်ခတ်သူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာက စစ်ဆေး ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
လားရှိုးမြို့တွင် မတ် ၂၂ ရက်နေ့ က ရပ်ကွက်(၅)၊ရေကန်လမ်းရှိ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မတ်လ ၂၃ ရက်နေ့တွင် လားရှိုးမြို့ ရပ်ကွက် (၁)၊နတ်ရေကန်လမ်း၊လမ်းသွယ် (၉) ရှိ နေအိမ်တစ်အိမ်၊မတ်လ ၃၁ ရက်နေ့ လားရှိုးမြို့၊ အမှတ် (၅) ရပ်ကွက်ရုံး နှင့်ကပ်လျက်တည်ရှိသော အမှတ် (၃) နယ်မြေရဲကင်း အဆောက်အဦတို့လည်း လက်လုပ်မိုင်းဖြင့် ပစ်ခတ် ခံခဲ့ရကြောင်း သိရသည်။
https://news-eleven.com/article/206479

No comments:
Post a Comment