Friday, April 2, 2021

"ပိုက်လိုင်းများ ကာကွယ်ရန်" တရုတ်တပ်များ မြန်မာနယ်စပ်တွင် ချထား

 "ပိုက်လိုင်းများ ကာကွယ်ရန်" တရုတ်တပ်များ မြန်မာနယ်စပ်တွင် ချထား

ကီလိုမီတာ ၈၀၀ ရှည်လျားသည့် ပိုက်လိုင်းများသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှနေ၍ မကွေး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ကို ဖြတ်ပြီး တရုတ်သို့ သွယ်တန်းထားသည် / ဧရာဝတီ

33.4k

By ဧရာဝတီ 2 April 2021

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် နယ်စပ်မြို့ မူဆယ်တဘက်ခြမ်းရှိ ဂျယ်ဂေါင်တွင် တရုတ်တပ်များကို ချထားကြောင်း တရုတ်နယ်စပ်ရှိ သတင်းရင်းမြစ်များအဆိုအရ သိရှိရသည်။


စစ်ကားများနှင့် တရုတ်စစ်သားများ နယ်စပ်သို့ လတ်တလော ရက်ပိုင်းများအတွင်း ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ သတင်းစကားပေးပို့နေခြင်း ဖြစ်ကြောင်း တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်များက ဆိုကြသည်။


ထိုင်ဝမ်သတင်းဌာန TVBS က တရုတ်စစ်သားများသည် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ကာကွယ်ရန် ချထားခြင်း ဖြစ်ကြောင်း ဆိုသည်။ သို့သော် မည်သို့အကာအကွယ်ပေးမည်ကို ဖော်ပြခြင်း မရှိပါ။


ပိုက်လိုင်းများကို ဖောက်ခွဲပစ်မည်ဟု ဆန္ဒပြသူများက ခြိမ်းခြောက်သည့် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ မြင့်မားလာချိန်အတွင်း မတ်လ အစောပိုင်းက ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများအား ကာကွယ်ပေးရန် စစ်ကောင်စီကို တရုတ်က တောင်းဆိုခဲ့သည်။


ကီလိုမီတာ ၈၀၀ ရှည်လျားသည့် ပိုက်လိုင်းများသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှနေ၍ မကွေး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ကို ဖြတ်ပြီး တရုတ်သို့ သွယ်တန်းထားသည်။


တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် လူ့အခွင့်အရေးကောင်စီတို့တွင် မြန်မာပြည်ရှိ ရွေးကောက်ခံကိုယ်စားလှယ်များကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းယူသည့်အပေါ် ပြည်တွင်းရေးဖြစ်သည်ဟု ဆိုနေသည်။


ဖေဖော်ဝါရီလထဲတွင် မြန်မာစစ်တပ်အား ထောက်ပံ့နေမှုများ ရပ်ဆိုင်းရန် ရန်ကုန်ရှိ တရုတ်သံရုံးရှေ့တွင် နေ့စဉ်ဆန္ဒပြခဲ့ကြသည်။ တရုတ်ထုတ် ကုန်ပစ္စည်းများကို သပိတ်မှောက်ရန်လည်း လှုံ့ဆော်နေကြသည်။


တနင်္လာနေ့တွင် စစ်တပ်က ပစ်ခတ်၍ ဆန္ဒပြသူ ၅၀၀ ကျော် သေဆုံးလာသောအခါ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီကို ရှုတ်ချပြီး အပစ်ရပ်ထားမှုကို ရက်ထပ်မတိုးကြောင်း ကြေညာသည်။


ညီနောင်မဟာမိတ် ၃ ဖွဲ့သည် တရုတ်နယ်စပ်တွင် အခြေစိုက်ပြီး AA က ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်လည်း အခြေစိုက်သည်။ တရုတ်နယ်စပ်တွင် အခြေစိုက်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း ယခုအခါ မြန်မာစစ်တပ်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။

https://burma.irrawaddy.com/news/2021/04/02/240239.html

No comments:

Post a Comment