သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်တွင် TNLA တပ်ဖွဲ့မှ လက်နက်ကြီးများပစ်ခတ်၍ မန်စံကျေးရွာတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံပြည်သူထိခိုက်ဒဏ်ရာရရှိကာ မွေးမြူရေးတိရိစ္ဆာန်များ ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု မန်စံကျေးရွာတွင် TNLA တပ်ဖွဲ့မှ ပစ်ခတ်သည့် ၆၀ မမ လက်နက်ကြီးများကျရောက်၍ ဒေသခံပြည်သူ ၂ ဦးဒဏ်ရာရရှိပြီး အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ၏ မွေးမြူရေးခြံတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မွေးမြူရေးတိရိစ္ဆာန်များဖြစ်သည့် ဝက်များ ၊ ကျွဲများ သေဆုံးခဲ့ရကြောင်း ဒေသတွင်း သတင်းပေးပို့ချက်အရ သိရှိရသည်။ဤကိစ္စနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးမှ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေကြောင့် မွေးမြူရေးခြံတစ်ခြံမီးလောင်ခဲ့ကြောင်း ၊ ဒေသခံပြည်သူ နှင့် နမ္မတူမီးသတ်အဖွဲ့မှ တာဝန်ရှိသူများ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ပေမယ့် မီးပြင်းပြင်းထန်ထန်လောင်ကျွမ်းမှုကြောင့် မွေးမြူထားတဲ့ ဝက်တွေ အကုန်သေခဲ့တဲ့အပြင် ကျွဲများ လည်း သေဆုံးခဲ့ကြောင်း ၊ လက်နက်ကြီးကျရောက်မှုကြောင့် ရွာသား ၂ ဦး ဒဏ်ရာရရှိပြီး ဒေသခံပြည်သူများ၏ အိုးအိမ်များပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒဏ်ရာရရှိသည့် ရွာသား ၂ ဦးအား ဒေသခံပြည်သူများမှ ဆေရုံသို့ ဝိုင်းဝန်းပို့ဆောင် ကုသမှုခံယူခဲ့ကြောင်း ပြောပြခဲ့ပါသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နမ့်တောင်ကုန်းကျေးရွာအုပ်စု မန်ဝါကျေးရွာတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များမှ ၆၀ မမ လက်နက်ကြီးများပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးမီးလောက်မှုဖြစ်ပွားပြီး ဒေသခံပြည်သူ၏ ပစ္စည်းဥစ္စာဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပါသည်။
https://bur.taifreedom.com/2021/03/01/%e1%80%94%e1%80%99%e1%80%b9%e1%80%99%e1%80%90%e1%80%b0%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-tnla-%e1%80%9c%e1%80%80%e1%80%ba/
No comments:
Post a Comment