Monday, March 1, 2021


လားရှိုးတွင် ဖမ်းဆီးခံရသူများအား ပြန်လွှတ်ရန် ဝိုင်းဝန်းတောင်းဆိုသူများကို ရဲကပစ်ခတ်လူစုခွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းက ဖမ်းဆီးခံရသူတွေကို ပြန်လည်လွှတ်ပေးဖို့ လားရှိုး အမှတ်-၁ ရဲစခန်းရှေ့မှာ ညနေ ၅ နာရီကစ ပြည်သူတွေ ဝန်းရံတောင်းဆိုနေစဉ် ရဲက ဒုတိယအကြိမ် ပစ်ခတ်ခြိမ်းခြောက် လူစုခွဲခဲ့ပါတယ်။ 

အဆိုပါဖြစ်စဉ်အပြီး အမျိုးသား ၁ ဦး ထပ်မံဖမ်းဆီးခံခဲ့ရပြီး မနက်ပိုင်းကလည်း  အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရကာ ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပါတယ်။

http://burmese.dvb.no/archives/447750

No comments:

Post a Comment