Monday, March 1, 2021

 

ဂန့်ဂေါမြို့တွင် မျက်ရည်ယိုဗုံးသုံးပြီး သပိတ်စစ်ကြောင်းကို လူစုခွဲ\

မကွေးတိုင်း၊ ယောနယ်၊ ဂန်ဂေါမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက်က သပိတ်စစ်ကြောင်း မြို့တွင်း ၄ ကြောင်း စီတန်း ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြရာမှာ မနက် ၉ နာရီ ၁၅ မိနစ်လောက်မှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး ၂ လုံးနဲ့ ဖြိုခွင်းလူစုခွဲပြီး လေယာဉ်ကွင်းအရောက် မျက်ရည်ယိုဗုံး နောက်ထပ်  ၄ လုံး ထပ်ပစ် လူစုခွဲခဲ့ပါတယ်။

ကျေးရွာတွေက တက်လာတဲ့ သိန်းခဲ့ချီတဲ့ ပြည်သူတွေကို မြို့အဝင်မှာ ရဲနဲ့ စစ်တပ်က  ပိတ်ဆို့ထားလို့ ဝင်ခွင့်မရဘဲ ထိုင်သပိတ် ဆင်နွှဲရာမှာလည်း မျက်ရည်ယိုဗုံး၊ ရာဘာကျည်လို့ ယူဆရတဲ့ကျည် ၂ ချက် ပစ်ဖောက်ခဲ့ပါတယ်။

ဆန္ဒပြသူတွေအနေနဲ့ လူစုခွဲပေမဲ့ ရတဲ့နည်းလမ်းသုံးကာ ထိပ်တိုက်မတိုးဘဲ ဆက်လက် ဆန္ဒပြခဲ့ကြပြီး ၁၂ နာရီနောက်ပိုင်းမှာ လူစုခွဲလိုက်ပါတယ်။ ဆန္ဒပြသူ မြို့ခံတစ်ယောက် အဖမ်းခံရပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ 

http://burmese.dvb.no/archives/447743

No comments:

Post a Comment