Tuesday, March 30, 2021

ကရင် စစ်ရှောင်များအတွက် အကူအညီ‌ပေးရန် ကရင်အရပ်ဘက် အဖွဲ့များတောင်းဆို

 ကရင် စစ်ရှောင်များအတွက် အကူအညီ‌ပေးရန် ကရင်အရပ်ဘက် အဖွဲ့များတောင်းဆို


သတင်းနှင့် မီဒီယာ ကွန်ရက်။

၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်။


ထိုင်းအာဏာပိုင်များအနေဖြင့် တိုက်ပွဲများကြောင့် နယ်စပ်ကို ရောက်ရှိနေသည့် ကရင်စစ်ရှောင်ဒုက္ခသည်များကို ရိက္ခာထောက်ပံ့ပေးနိုင်ရေးနှင့် အခြားသောလူသားချင်းစာနာထောက်ထားသည့် အကူအညီများ ရရှိအောင် ကူညီ ပေးစေလိုသည် ဟု ကရင်အရပ်ဘက်အဖွဲ့ အစည်းအချို့က ပြောသည်။


ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ၏ နေထိုင်စားသောက်ရေး အခြေအနေမှာ အခက်အခဲများစွာရှိနေ သော်လည်း ထိုင်းဘက်က အကူအညီသွားပေးမည့် အဖွဲ့အစည်းများကို သွားခွင့်မပြုကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN မှ ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးကို ပြောသည်။


“အဲဒီမှာ အကူအညီပေးမယ့် အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ သွားချင်ပေမယ့် ထိုင်းစစ်တပ်က အခွင့်မ ပေးဘူး။ အဲဒါကြောင့် အသက်ကြီးတဲ့ သူတွေထဲက တချို့ကတော့ စားစရာတွေကို ဟိုဖက်ကမ်းမှာ သွားပြန်ယူ ရတာရှိတယ်။ စားစရာတွေ ရေတွေကို သူတို့ရဲ့ ရွာမှာ ပြန်ယူနေရတယ်။”


ထိုင်းအာဏာပိုင်များက ကရင်စစ်ဘေးရှောင်ပြည်သူများကို နယ်စပ်က ပြန်ခိုင်းနေသည့်အပြင် အကူအညီပေး မည့် အဖွဲ့အစည်းများနှင့် သတင်းမီဒီယာသမားများကို ပါ ၎င်းနေရာများတွင် သွားရောက်ခွင့် မပြုဟု ပြောသည်။


ထွက်ပြေးတိမ်းရှောင်လာသူများအတွက် စားဝတ်နေရေး၊ နေရေးထိုင်ရေး အစစအရာရာ အခက် အခဲရှိနေသည့် အတွက် အမြန်ဆုံး အကူအညီပေးနိုင်ရေး နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ထိုင်းအစိုးရကို တွန်းအားပေး စေချင်သည်ဟု နော်ဝါးခူရှီး က ဆက်ပြောသည်။


”အခက်အခဲက သူတို့ဆီသွားဖို့ကို ထိုင်းစစ်တပ်ဖက်က ခွင့်မပြုဘူး။ အကူအညီပေးဖို့ သွားရောက်မယ့် အဖွဲ့အ စည်းတွေက သူတို့ဆီကို ရောက်အောင်သွားဖို့ဆိုတာ အခက်အခဲတွေရှိနေတယ်။ အစားအသောက်တွေ သယ် သွားတာတို့ လိုအပ်တာတွေ သွားပို့ပေးဖို့ ထိုင်းစစ်တပ်ဖက် ခွင့်မပြုတဲ့အတွက် အခက်အခဲဖြစ်နေတာ ဟုတ် တယ်ပေါ့နော်။ အဲဒါက ကျမတို့ စဉ်းစားတာက အခုက NGO အဖွဲ့အစည်း တွေပဲဖြစ်ဖြစ် UNHCR ပဲ ဖြစ်ဖြစ် ထိုင်းနိုင်ငံက အကူအညီပေးတဲ့ အဖွဲ့တွေပဲဖြစ်ဖြစ် ထွက်ပြေးလာတဲ့ သူတွေကို အကူအညီသွားပေးလို့ရအောင် တွန်းအေားပေးဖို့ ဘာဖြစ်လို့လဲဆိုတော့ ထွက်ပြေးလာတဲ့သူတွေက များသောအားဖြင့် ကလေးတွေပဲ ဖြစ်တယ် ပေါ့နော်။”


ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါက “ကျနော်တို့ အနေနဲ့ ကတော့ ထိုင်းအစိုးရဖက်ခြမ်းကို ပြောချင်တာကတော့ ကျနော်တို့ အမှန်တကယ် မြန်မာပြည်မှာ ရှိတဲ့ ပြည်သူ တွေဟာ စစ်မက်ဒဏ်ကို ခံရလို့ပဲ လုံးဝနေစရာ မရှိလို့ပဲ သူတို့ နောက်ဆုံး ဒီကမ်းနားမှာတောင်နေလို့ မရတော့ လို့ ထိုင်းဖက်ခြမ်း ကူးလာတဲ့အခါမှာတော့ လူသားချင်းစာနာမှု အထောက်အကူပြုတာတော့ ပြသသင့်တယ်ပေါ့ နော။ ဒီလူတွေက ဘယ်လိုမှ မြန်မာပြည်မှာ အခြေချလို့ မရတဲ့ အနေအထားမျိုးမှာ မြန်မာပြည်ကို ပြန်ရင် လည်း သေဖို့ပဲရှိတဲ့ အနေအထားမျိုးမှာတော့ သူတို့အနေနဲ့ကတော့ ဒီလူသားချင်းစာနာမှုဆိုတဲ့စိတ်ဓာတ်ကို ပြ သပြီးတော့မှ လက်ခံသင့်တယ်လို့တော့ ကျနော်တို့ မြင်တယ်ခင်ဗျာ” ဟု ပြောသည်။


မတ်လ ၃၀ ရက်နေ့ (ယနေ့) နေ့လည်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းထိုးစစ်ဆင်မှုများကြောင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလာကြသည့် မူတြော်ခရိုင်အတွင်းက အူးဝဲကလိုးနှင့် ပကာဒဲကျေးရွာတို့က စစ် ရှောင် ၅၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက ပြန်ပို့ခဲ့သည်ဟု သိရသည်။


ယမန်နေ့ကလည်း အီတူးထာကျေးရွာက စစ်ရှောင် ၂၀၀၀ ကျော်ကို ထိုင်းအာဏာပိုင်များက မြန်မာဘက်အခြမ်း ကို ပြန်ပို့ခဲ့သည့်အတွက် ကရင်စစ်ရှောင်များမှာ နေရပ်ပြန်ရန်လည်း အသက်ဘေးမလုံခြုံသည့်အတွက် တော တောင်များထဲတွင် ပုန်းအောင်းနေကြရသည်။

http://www.nmg-news.com/2021/03/30/13382

No comments:

Post a Comment