သေဆုံးသူ ၅၂၀ ကျော်သွားပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်။
စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း သေဆုံးခဲ့ရသူ စုစုပေါင်း (၅၂၁) ဦး ရှိပြီ ဟု AAPP ၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
မတ်လ ၃၀ ရက်နေ့တွင် မြစ်ကြီးနားတွင် တစ်ဦး၊ မူဆယ်တွင် တစ်ဦး၊ ကော့သောင်းတွင် တစ်ဦးတို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် သေဆုံးသူ ၈ ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။
မြစ်ကြီးနားက ဒေသခံတစ်ဦးက “မနေ့က သူတို့က ခုခံတပ်နဲ့ ပြည်သူတွေက ဆန္ဒထုတ်ဖော်နေတာ၊ အဲ့မှာ အရပ် ဝတ်နဲ့ ဆိုင်ကယ်နဲ့လာတဲ့ နှစ် ယောက်က ခုခံတပ် ဆန္ဒပြနေတဲ့ ပြည်သူဘက်ကို သေနတ်နဲ့ ပစ်ပြီးမှ ပြန်ပြီးထွက် သွားတယ်လို့ သိရတယ်။ အဲ့ မှာ အဆိုးဆုံးက နှစ်ယောက်ဒဏ်ရာရပြီး တစ်ယောက် သေဆုံးသွားတယ်လို့ သိရ တယ်။ အဲ့မှာ တစ်ယောက်က တော့ လက်မောင်းဒဏ်ရာ ပြင်းပြင်းထန်ထန်ရထားတယ်လို့ သိရတယ်” ဟု ပြော သည်။
AAPP မှ ကောက်ယူရှိသည့် စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်း ပစ်ခတ်မှု များကြောင့် သေဆုံးသူမှ ၅၂၁ ဦး ရှိပြီဖြစ်သော်လည်း အမှန်တကယ် ကျဆုံးသူများမှာ အဆိုပါအရေအတွက် ထက် ပိုများနေကြောင်းနှင့် ထပ်မံကောက်ယူ ရရှိလာပါကလည်း ဆက်လက် ဖော်ပြပေးသွားပါမည်ဟု ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့ ဟိုမွန်ရပ်ကွက်တွင်လည်း မတ် ၃၀ ရက်နေ့ (ယမန်နေ့) က စစ်ကောင်စီ တပ်၏ Sniper သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဆန္ဒပြနေသည့် အမျိုးသားတစ်ဦး ခေါင်းကျည်ထိ မှန်ကာ သေဆုံးခဲ့သည်ဟု မူဆယ် ဒေသခံများက ပြောသည်။
“မူဆယ် အထက ၂ ကျောင်းနားမှာ ပြည်သူလူထုက ဆန္ဒပြနေကြတာ၊ လူထုသပိတ်ပေါ့၊ အဲ့ဒါကို စစ်တပ်က သေနတ်နဲ့ပစ်ပြီး အကြမ်းဖက်ဖြိုခွင်းတာ။ အဲ့မှာလူငယ်တစ်ဦး ခေါင်းကို ထိပြီးသေသွားတာ ဟုတ်တယ်။ မြင် တဲ့လူတွေပြောတော့ ပစ်တဲ့လူက အရပ်ဝတ်နဲ့လို့ပြောတယ်။” ဟု ပြောသည်။
မတ်လ (၂၉) ရက်နေ့ ည၉ နာရီအချိန်ခန့်ကလည်း ရှမ်းပြည်နယ် တောင်ပိုင်း၊ အောင်ပန်းမြို့ ရှိ သုသာန်တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက အလောင်း ၃ လောင်းထက်မနည်း လာရောက်မီးသဂြိုလ်ခဲ့သည်ဟု ဒေသခံများက မီဒီယာများ ပြောဆိုထားသည်။
အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေသည့် ပြည်သူများကို နေ့စဉ်ရက်ဆက် အကြမ်းဖက်နည်းများသုံးကာ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်ပစ်ဗုံးများ၊ လောင်ချာများ၊ လကနက်ကြီး လက်နက်ငယ်များ၊ Sniper ဖြင့် ပစ်သတ်ခြင်းများ၊ နေအိမ်များနှင့် ပြည်သူပိုင်ကားများကို လည်း နေ့စဉ် မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများ၊ ဖမ်းမိပြည်သူများကိုလည်း ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်းများ၊ အော်ဟစ်ဆဲဆိုခြင်းများ စသည့် အမျိုးမျိုးသော နှိမ်နှင်းအကြမ်းဖက်လျှက် ရှိသည်။
ထို့အပြင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် မတ်လ ၂၇ ရက်နေ့သည် ကလေးငယ်များအပါအဝင် လက် နက်မဲ့ပြည်သူများအပေါ် ရက်စက်စွာ ပစ်သတ်မှုကြောင့် လူဦးရေအများဆုံး သေဆုံးခဲ့သည့် နေ့တစ်နေ့ဖြစ် ပြီး ထိုနေ့တွင် အရပ်သားပြည်သူ တစ်ရာကျော် ကျဆုံးခဲ့ရသည်
http://www.nmg-news.com/2021/03/31/13400
No comments:
Post a Comment