Tuesday, March 30, 2021

မြန်မာတပ်ဖွဲ့များ အကြမ်းဖက်လုပ်ရပ်ကြောင့် တစ်ဖက်သတ်အပစ်ရပ်ကိစ္စ AA အပါအဝင် ညီနောင်သုံးဖွဲ့ ပြန်လည်သုံးသပ်၊ အကြမ်းဖက်လုပ်ရပ်များ မရပ်တန့်ပါက နွေဦးတော်လှန်ရေးနှင့် ပူးပေါင်းခုံခံကာကွယ်မည်

 မြန်မာတပ်ဖွဲ့များ အကြမ်းဖက်လုပ်ရပ်ကြောင့် တစ်ဖက်သတ်အပစ်ရပ်ကိစ္စ AA အပါအဝင် ညီနောင်သုံးဖွဲ့ ပြန်လည်သုံးသပ်၊ အကြမ်းဖက်လုပ်ရပ်များ မရပ်တန့်ပါက နွေဦးတော်လှန်ရေးနှင့် ပူးပေါင်းခုံခံကာကွယ်မည်

 DMG Mar 30, 2021 စစ်တွေ



DMG ၊ မတ် ၃၀


၂၀၁၉ စက်တင်ဘာလ ၉ ရက်နေ့မှ ၂၀၂၁ မတ်လ ၃၁ ရက်နေ့အထိ တစ်ဖက်သတ်အပစ်ရပ်စဲခြင်းကို အဖြတ်လိုက်ခွဲ၍ AAအပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့မှာ အကြိမ်ကြိမ်ကြေညာခဲ့သော်လည်း ယခုအခါ မြန်မာတပ်မတော် နှင့် ရဲတပ်ဖွဲ့ဝင်များမှာ စစ်အာဏာသိမ်းပြီး ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်ကြောင့် ပြည်သူ ၄၀၀ ကျော် သေဆုံးမှုရှိနေ၍ ညီနောင်မဟာမိတ် သုံးဖွဲ့မှာ တစ်ဖက်သတ်အပစ်ရပ်စဲခြင်းလုပ်ငန်းကို ပြန်လည်သုံးသပ်နေကြာင်း ယနေ့ မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။


ယင်းအပြင် မြန်မာတပ်မတော်အနေဖြင့် နိုင်ငံသူနိုင်သားများအား အကြမ်းဖက်လုပ်ရပ် ချက်ချင်းမရပ်တန့်ပါက မြန်မာ့နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘဝတူ ညီနောင်များနှင့်အတူ ခုခံကာကွယ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/aa-tnla-mndaa.html

No comments:

Post a Comment