Sunday, February 28, 2021

 

ပြည်မြို့ ဆန္ဒပြသူများကို ရဲနှင့်စစ်တပ် ပစ်ခတ်ဖြိုခွင်း၊ ၂ ဦး ဒဏ်ရာရ

ပြည်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေကို ပစ်ခတ်ဖြိုခွင်းခံရပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သေနတ်ပစ်သံအချက် ၆၀ လောက်ကြားရပြီး လူနှစ်‌ယောက် လဲကျနေတာတွေ့လို့ လူမှုကူညီရေးအသင်းက သွားရောက်သယ်ဆောင်ပြီး ဆေးရုံပို့ပေးခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူ နှစ်ယောက်ထဲက ကိုဇေယျာမြင့်ကတော့ (သတင်းထောက် - မြေလတ်အသံနဲ့ ကရုဏာသိဒ္ဓိသာရေးနာရေးအသင်း) လည်ပင်းနဲ့ မျက်နှာ ရာဘာကျည်ထိမှန်ခဲ့ဒဏ်ရာရခဲ့ကာ နောက်တစ်ဦးကတော့ မီးလောင်ဗုံးထိမှန်ဒဏ်ရာရတာဖြစ်ပြီး ထိခိုက်သူနှစ်ဦးစလုံးကို ပြည်မြန်မာဆေးရုံကို ပို့ဆောင်ထားပါတယ်။


http://burmese.dvb.no/archives/447445

No comments:

Post a Comment