Sunday, February 28, 2021

 

ကော့သောင်းတွင် ဆန္ဒပြပြည်သူများကို ရဲနဲ့စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွဲ ၄ ဦးဒဏ်ရာရ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ ဒီနေ့ ဖေဖော်ဝါရီ  ၂၈ ရက်က စစ်အာဏာဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူတွေကို ရဲ့နဲ့ စစ်တပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရာဘာကျည်၊ အသံဗုံး၊ မီးခိုးဗုံးတွေနဲ့  အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။ 

ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ယောက်ဒဏ်ရာရပြီး ၅ ယောက်ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။  ဒဏ်ရာရသူတွေရဲ့ အခြေအနေ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့လည်း သိရပါတယ်။

လတ်ကိုကိုဦး


http://burmese.dvb.no/archives/447584

No comments:

Post a Comment