Sunday, February 28, 2021

 

မကွေးမြို့တွင် ဆန္ဒပြသူ ၇၀ ကျော် ဖမ်းဆီးခံရ

မကွေးမြို့ မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မနက်ပိုင်းက ရဲတပ်ဖွဲ့က ပိတ်ဆို့ထားပေမယ့် စစ်အာဏာရှင်ကျဆုံးရေးအတွက် လူဦးရေ သိန်းနဲ့ချီ သပိတ်မှောက် ဆန္ဒပြခဲ့ကြပြီး ၇၀ ကျော် အဖမ်းခံရတယ်လို့ သိရပါတယ်။

မကွေးတက္ကသိုလ် ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုနောင်သူရိန်၊ နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုချစ်ဝင်းမောင်တို့ အပါအဝင် ၇၀ ကျော် ဖမ်းခံထားရပါတယ်။

ရဲတပ်ဖွဲ့က လမ်းတွေကို ပိတ်ဆို့ပြီးတော့ လူ ၅ ဦးထက်ပိုမစုဖို့ လိုက်လံကြေညာနေပြီး မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲပေမယ့်လည်း မြို့ပေါ်က လမ်းတွေ တော်တော်များများမှာ လူဦးရေ သိန်းနဲ့ချီတက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေနဲ့ ပတ်သက်လို့ မကွေးမြို့နယ် ရှေ့နေများအသင်းက ဥပဒေအထောက်အကူပြု အဖွဲ့ဖွဲ့စည်းထားပြီးတော့ အခမဲ့ လိုက်ပါအကျိုးဆောင်ပေးသွားမယ်လို့ သိရပါတယ်။

မင်းထီး

http://burmese.dvb.no/archives/447564

No comments:

Post a Comment