Sunday, February 28, 2021

 

မန္တလေးဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၁ ဦးသေဆုံး၊ လူအချို့ အပြင်းအထန်ဒဏ်ရာရ

မန္တလေးမြို့မှာ ဆန္ဒပြပြည်သူလူထုကို စစ်တပ်နဲ့ ရဲက မျက်ရည်ယိုဗုံးတွေ၊ ကျည်အစစ်တွေ သုံးကာ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းရာမှာ ပြည်သူ ၁ ယောက်  ဦးနှောက်ပွင့်ထွက်သေဆုံးခဲ့ပြီး  ဆန္ဒပြသူ တချို့ ဒဏ်ရာရရှိသွားပါတယ်။

ဒီနေ့ နေ့လယ် ၂ နာရီ ထိုးခါနီးအချိန် ၆၄-၆၅ လမ်းကြား၊ ၄၁ လမ်းမှာ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် လူတစ်ဦး ဦးနှောက်ပွင့်ထွက်သွားတယ်လို့ သိရပါတယ်။

ရဲနဲ့ စစ်တပ်က နေ့လယ် ၂ နာရီခွဲအထိ မျက်ရည်ယိုဗုံးနဲ့ ကျည်အစစ်သုံးကာ ဆက်လက်ပစ်ခတ်ဖြိုခွင်းနေပြီး လူအချို့ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ပုဂ္ဂလိက ဆေးရုံတစ်ရုံကိုလည်း ပစ်ခတ်ခဲ့တာကြောင့် ပရဟိတအသင်းသားတစ်ဦး ကျည်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဒဏ်ရာသူတွေကို ပရဟိတအသင်းတွေက အရေးပေါ် ကုသမှုပေးနေတယ်လို့ ဆိုပါတယ်။

ထိန်ထိန်လင်း

http://burmese.dvb.no/archives/447542

No comments:

Post a Comment