Tuesday, February 2, 2021

လူမှုကွန်ရက်ပေါ်တွင် ကောလာဟလသတင်းများ ထုတ်ပြန်ခြင်း၊ ဆူပူမှုဖြစ်ပေါ်အောင် စည်းရုံးလှုံဆောင်ခြင်း၊ မငြိမ်မသက်ဖြစ်စေရန် ကြေညာချက် ထုတ်ပြန်ခြင်းများ မပြုလုပ်ရန်နှင့် အချို့သော သတင်းမီဒီယာများ၊ ပြည်သူများ တည်ဆဲဥပဒေများနှင့်အညီ အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်

လူမှုကွန်ရက်ပေါ်တွင် ကောလာဟလသတင်းများ ထုတ်ပြန်ခြင်း၊ ဆူပူမှုဖြစ်ပေါ်အောင် စည်းရုံးလှုံဆောင်ခြင်း၊ မငြိမ်မသက်ဖြစ်စေရန် ကြေညာချက် ထုတ်ပြန်ခြင်းများ မပြုလုပ်ရန်နှင့် အချို့သော သတင်းမီဒီယာများ၊ ပြည်သူများ တည်ဆဲဥပဒေများနှင့်အညီ အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်
PUBLISHED 2 FEBRUARY 2021
 
ကြည်နိုင်

လူမှုကွန်ရက်ပေါ်တွင် ကောလာဟလသတင်းများ ထုတ်ပြန်ခြင်း၊ ဆူပူမှုဖြစ်ပေါ်အောင် စည်းရုံးလှုံဆောင်ခြင်း၊ မငြိမ်မသက်ဖြစ်စေရန် ကြေညာချက် ထုတ်ပြန်ခြင်းများ မပြုလုပ်ရန်နှင့် အချို့သော သတင်းမီဒီယာများ၊ ပြည်သူများ တည်ဆဲဥပဒေများနှင့်အညီ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လူမှုကွန်ရက်ပေါ်တွင် ကောလာဟလသတင်းများ ထုတ်ပြန်ခြင်း၊ ဆူပူမှု ဖြစ်ပေါ်အောင် စည်းရုံးလှုံ့ဆော်ခြင်းနှင့် မငြိမ်မသက် ဖြစ်စေရန် ကြေညာချက် ထုတ်ပြန်ခြင်းများ ပြုလုပ်နေကြကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။

ထုတ်ပြန်ချက် အပြည့်အစုံမှာ နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမိန့်အမှတ် (၁/၂၀၂၁) ကို ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာပြီး အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေသည် နိုင်ငံတစ်ဝှမ်း ဖြစ်ကြောင်းနှင့် အရေးပေါ်အခြေအနေအား ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ တစ်နှစ် သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း ဖော်ပြပါရှိသည်။

ဆက်လက်၍ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်တွင် ပြုလုပ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အခြေခံအသုံးပြုခဲ့သော မဲစာရင်းများ ကြီးမားစွာ ကွာခြားမှုနှင့် ပတ်သက်ပြီး အဆိုပါ ပြဿနာမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေခြင်းနှင့် နိုင်ငံတော် တည်ငြိမ်မှုကို များစွာထိခိုက်စေလျက် ရှိသည့်အတွက် ပြဿနာများကို မှန်ကန်စွာ ဖြေရှင်းခြင်းမပြုပါက နိုင်ငံတော်၏ ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် အခက်အခဲများ ဖြစ်ပေါ်လာစေမည်ဖြစ်၍ ဥပဒေနှင့်အညီ ဖြေရှင်းရန် လိုအပ်သည့်အတိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း အဆိုပါ အမိန့်တွင် ထည့်သွင်း ဖော်ပြထားပြီး ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

သို့ရာတွင် အချို့သော သတင်းမီဒီယာများနှင့် ပြည်သူများက လူမှုကွန်ရက်ပေါ်တွင် ကောလာဟလ သတင်းများ ထုတ်ပြန်ခြင်း၊ ဆူပူမှု ဖြစ်ပေါ်အောင် စည်းရုံးလှုံ့ဆော်ခြင်းနှင့် မငြိမ်မသက် ဖြစ်စေရန် ကြေညာချက် ထုတ်ပြန်ခြင်းများ ပြုလုပ်နေကြကြောင်း တွေ့ရှိရပါသဖြင့် ထိုသို့ လုပ်ဆောင်ခြင်း မပြုလုပ်ကြရန်နှင့် တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေး ကြေညာအပ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 https://news-eleven.com/article/203831

No comments:

Post a Comment