Tuesday, February 2, 2021

မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဆွေးနွေးရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူ

 မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဆွေးနွေးရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူ

ဖေဖော်ဝါရီ ၂ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံအနီး ပိတ်ဆို့ထားသည့် လမ်းတစ်လျှောက်၌ စစ်သားများကို တွေ့ရစဉ်(Photo:AFP)
ဖေဖော်ဝါရီ ၂ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံအနီး ပိတ်ဆို့ထားသည့် လမ်းတစ်လျှောက်၌ စစ်သားများကို တွေ့ရစဉ်(Photo:AFP)
PUBLISHED 2 FEBRUARY 2021
 
REF: AP

မြန်မာ့တပ်မတော်၏ အာဏာသိမ်းယူခဲ့မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း လက်ရှိလုံခြုံရေးကောင်စီဥက္ကဋ္ဌနေရာ ရယူထားသည့် ဗြိတိန်နိုင်ငံက ဖေဖော်ဝါရီ ၁ ရက် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂ ရက်တွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပရန် စီစဉ်ထားပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများအား အကြောင်းကြားထားပြီး ဖြစ်ကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဘာဘရာဝုဒ်ဝေါ့ဒ်က ပြောကြားခဲ့သည်။

ဘာဘရာဝုဒ်ဝေါ့ဒ်က လုံခြုံရေးကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက အနိုင်ရရှိခဲ့သည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲများ ကျင်းပပုံနည်းလမ်းများအား ကြည့်ရှုသွားမည်ဖြစ်ပြီး တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားခေါင်းဆောင်များ လွတ်ပေးရေးကို ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝုဒ်ဝေါ့ဒ်က “လောလောဆယ်ဆယ်မှာ အရေးယူဖို့နည်းလမ်းတွေနဲ့ ပတ်သက်ပြီး စိတ်ကူးအတိအကျတော့ မရှိသေးပါဘူး” ဟု ဆိုသည်။ သို့သော် ကုလသမဂ္ဂ၏ အရေးယူမှုမှာ ပိတ်ဆို့မှုများ ပြုလုပ်ခြင်း ဖြစ်လေ့ရှိသည်။

ကုလသမဂ္ဂ၏ပြောရေးဆိုခွင့်ရှိသူ စတီဗင်ဒူဂျာရစ်က နေပြည်တော်ရှိ တာဝန်ရှိသူများအား ဆက်သွယ်၍ မရကြောင်းနှင့် ထိန်းသိမ်းခံထားရသူများနှင့်ပတ်သက်၍ သတင်းရရှိခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းအရာရှိကလည်း မြန်မာနိုင်ငံရှိ အခြေအနေရပ်များနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှယ်လီဘာရှယ်လေးက လူပေါင်း ၄၅ ဦးကို ထိန်းသိမ်းလိုက်ကြောင်း သတင်းများကြောင့် ၎င်းတို့အား ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ကြောင်းလည်း ပြောကြားခဲ့သည်။

“အတိုက်အခံတို့၏ အသံများအား ပြင်းထန်စွာ နှိမ်နင်းမည်ကို အလွန်အမင်း စိုးရိမ်ကြောင်းနှင့် မလိုလားအပ်သော သို့မဟုတ် အလွန်အကျွံဖြစ်သော အင်အားများ သုံးစွဲခြင်းကို ရှောင်ရှားရန် တပ်မတော်ကို တောင်းဆိုလိုက်ကြောင်းလည်း ဘာရှယ်လေးက ပြောကြားခဲ့သည်။

https://news-eleven.com/article/203804

No comments:

Post a Comment