Friday, February 26, 2021

မုံရွာမြို့တွင် ဆန္ဒပြ ပြည်သူများအား သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

 မုံရွာမြို့တွင် ဆန္ဒပြ ပြည်သူများအား သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

NEWS


PUBLISHED 27 FEBRUARY 2021 ကောင်းခန့်လင်း (မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဆန္ဒပြ ပြည်သူများအား ရဲတပ်ဖွဲ့နှင့် တပ်မတော်က သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း ကနဉီး သတင်းများအရ သိရသည်။


အဆိုပါ သေဆုံးခဲ့သည့် အမျိုးသမီးမှာ မမြတ်သူဇာခင် ဆိုသူဖြစ်ပြီး ၄င်း၏ ဆီးခုံကို ကျည်ထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။




ထို့ပြင် မမြတ်သူဇာခင်သည် ဆရာဝန် ဒေါက်တာဖြစ်သည်ဟူ၍ လည်ကောင်း၊ ပညာရေး ဒေါက်တာဘွဲ့ရတစ်ဦး ဖြစ်သည်ဟူ၍ လည်းကောင်း ပြောဆိုမှုများလည်းရှိပြီး Eleven Media Group အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။


ယင်းအပြင် ကျည်ထိမှန်ခဲ့သည့် ပြည်သူအများအပြား ရှိနေပြီး စိုးရိမ်ရသည့် လူနာများလည်း ရှိကြောင်း သိရသည်။


ယနေ့ နေ့လယ် ၁ နာရီ ၅၅ မိနစ်အထိ ဆန္ဒပြသူများနှင့် ကျောင်းသားခေါင်းဆောင်များ စုဝေးရောက်ရှိရာ ပြဿာဒ်ကျောင်းဝန်းကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပိတ်ဆို့ထားပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ထွက်မရအောင် ပြည်သူများကလည်း ထပ်မံပိတ်ထားကြောင်း သိရသည်။




မုံရွာမြို့ နေရာအချို့တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ​ဆန္ဒပြပြည်သူများကို လူစုခွဲစေရန် သေနတ်ပစ်ဖောက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။


ထို့အပြင် တပ်မတော်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခံရသည့် ပြည်သူအများအပြားလည်း ရှိနေကြောင်း သိရသည်။


ယနေ့ မုံရွာမြို့၌ ဆန္ဒပြသူများအား ဖမ်းဆီးရာတွင် အရပ်ဝတ် ဝတ်ထားသူများ အများအပြား ပါဝင်သည်ကို တွေ့ရပြီး ၎င်းတို့သည် ဆန္ဒပြသူများကို ရိုက်နှက်ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။

https://news-eleven.com/article/205282

No comments:

Post a Comment