Saturday, February 27, 2021

ပဲခူးမြို့တွင် ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွဲခဲ့ပြီး နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိခဲ့

 ပဲခူးမြို့တွင် ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွဲခဲ့ပြီး နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိခဲ့

NEWS


PUBLISHED 28 FEBRUARY 2021 ■ မောင်အေး

ပဲခူးမြို့၌ ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) တွင် ဆန္ဒပြသူများကို ပစ်ခတ်ဖြိုခွဲခဲ့ပြီး နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း သိရသည်။


ယနေ့တွင် နေ့စဉ်စုရပ်နေရာဖြစ်သော ပဲခူးဘုရားခြေရင်း ယာဉ်ရပ်နားကွင်းကို တပ်မတော်နှင့် ရဲများက နေရာယူထားသောကြောင့် ဆန္ဒပြ သပိတ်စစ်ကြောင်းများမှာ သနပ်ပင်လမ်းတွင် ပေါင်းစုံကြပြီး ပဲခူး-ရန်ကုန် လမ်းမကြီးအတိုင်း ရန်ကုန်ဘက်သို့ ချီတက်ခဲ့သည်။


ထို့နောက် ရဲတပ်ဖွဲ့နှင့် တပ်မတော်ယာဉ်တန်းက သပိတ်စစ်ကြောင်းနောက်သို့ လိုက်ပါလာပြီး​ ဆန္ဒပြသူများက သပိတ်စစ်ကြောင်းကို ရပ်တန့်ကာ ပြန်လည်ကြွေးကြော်စဉ် မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့သည်။


155829977_784758829056976_5964708789983741023_n.jpg


ယင်းနောက် ရဲတပ်ဖွဲ့များသည် တစ်ဆင့်ထက်တစ်ဆင့် လိုက်ပါပိတ်ဆို့မှုများပြုလုပ်ပြီး ပဲခူးမြစ်ကူးတံတား အနောက်ဘက်ခြမ်းထိတိုး၍ ပိတ်ဆို့မှုများ ပြုလုပ်ကာ သပိတ်စစ်ကြောင်းကို အသံဗုံးများ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့သည်။


ရန်ကုန်ဘက်သို့ ချီတက်သွားသော သပိတ်စစ်ကြောင်းမှ ပြန်လည်ရောက်ရှိလာပြီး ဆန္ဒပြသူများ စုစည်းမိကာ အင်အားများလာစဉ် သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ မျက်ရည်ယိုဗုံးဖြင့်ပစ်ခတ်ခြင်းတို့ကြောင့် ဆန္ဒပြ​ ပြည်သူနှစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး ဒဏ်ရသူ ၁၃ ဦးခန့်ရှိကြောင်း သိရသည်။


ထိုသို့ ပစ်ခတ်ဖြိုခွဲမှုများကြောင့် ဆန္ဒပြသူများသည် မွန်းလွဲ ၂ နာရီခန့်တွင် လူစုခွဲခဲ့ကြောင်း သိရသည်။

https://news-eleven.com/article/205326

No comments:

Post a Comment