Sunday, January 31, 2021

နမ့်ခမ်းမြို့နယ် လွယ်လွမ်ရွာအနီးမှာ TNLA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

 နမ့်ခမ်းမြို့နယ် လွယ်လွမ်ရွာအနီးမှာ TNLA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

လွေးအမ်ရွှေလီ၊ ရွှေဖီမြေ

ဇန်နဝါရီ ၃၁ ရက်၊ နမ့်ခမ်း

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် လွယ်လွမ်ကျေးရွာအနီးမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ တပ်မတော်တို့အကြား ဒီနေ့မနက် ၈ နာရီဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လွယ်လွမ်ကျေးရွာအနီး နှစ်ဖွဲ့အကြား ထိတွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောပါတယ်။

“ဒီမနက် ၈ နာရီကနေ လွယ်လွမ်ရွာအောက်မှာ တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ လွယ်လွမ်ဘက်မှာ ထိတွေ့မှုရှိလို့  ၁၅ မိနစ်လောက် ဖြစ်တာပါ”

နမ့်ခမ်းမြို့ ဒေသခံတစ်ဦးကလည်း “ဒီနေ့မနက်မှာ အသံကြားရတယ်။ ဘယ်ဘက်ဖြစ်တာလဲတော့ မသိသေးဘူး” လို့ ဆိုပါတယ်။

ဇန်နဝါရီလအတွင်းမှာ TNLA နဲ့ တပ်မတော်တို့အကြား တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အဆင်ပြေချောမွေ့စေဖို့ တပ်မတော်ဘက်က ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲရေး ထပ်မံတိုးမြှင့်ထားပါတယ်။

#တိုက်ပွဲဖြစ် #တပ်မတော်  #TNLA #နမ့်ခမ်း

#ဓာတ်ပုံ- မိုင်းအတ္တ၊ မိုင်းအနိုင်၊ ရွှေဖီမြေ

https://www.facebook.com/451214215694715/posts/888813975268068/


https://www.facebook.com/shwepheemyaynews/posts/888813975268068

No comments:

Post a Comment