Sunday, January 3, 2021

မနေ့တစ်ရက်တည်းမှာ RCSSနဲ့TNLA တို့အကြား ၃နေရာထိပ်တွေ့ရင်ဆိုင်တိုက်ပွဲဖြစ်ပွား

 မနေ့တစ်ရက်တည်းမှာ RCSSနဲ့TNLA တို့အကြား ၃နေရာထိပ်တွေ့ရင်ဆိုင်တိုက်ပွဲဖြစ်ပွား

လားရှိုး | မားနဂါး ။
ရှမ်းပြည်နယ်မြောက်ပိုင်းတအာင်း (ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်နဲ့ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်တွေမှာ ဇန်နဝါရီလ ၃ ရက်နေ့တစ်ရက်တည်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်းစီ (RCSS) တပ်ဖွဲ့နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့အကြား သုံးနေရာထိပ်တွေ့ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်ထံမှတဆင့်သိရပါတယ်။
RCSS နဲ့ TNLA ဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး နယ်စပ်မြို့တွေဖြစ်ကြပြီး နယ်မြေနေရာကျူးကျော်မှုကြောင့် ထိုးစစ်ဆင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နှစ်ဖက်အပြန်အလှန်စွတ်စွဲပြောဆိုကြတာတွေရှိပါတယ်။
တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်ကိုမေးမြန်းရာမှာတော့
" ယခုလိုတိုက်ပွဲဖြစ်တာက ထိုးစစ်ဆင်နေလို့တိုက်ပွဲဖြစ်တာပါ။ ကျတော်တို့ သွားပြီးတိုက်ခိုက်တာမဟုတ်ပါဘူး။ မနေ့ကဆိုရင် ကျနော်တို့ တပ်စခန်းကို RCSSအဖွဲ့တွေက လာရောက်ပြီးကျူးကျော်တိုက်ခိုက်တော့ တိုက်ပွဲဖြစ် ပွားခဲ့တယ်။" လို့ ဒီကနေ့ မားနဂါးသတင်းဌာနကိုပြောကြားခဲ့ပါတယ်။
တိုက်ပွဲတွေ လျှော့နည်းအောင် လက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်ရန် နောက်ထပ်ရောဂါကူး စက်နေတဲ့ချိန်မှာ ပြည်သူလူထုတွေကို တစ်ဖက်တစ်လှမ်းကနေ ကူညီပေးရန် အထောက်အပံ့ဖြစ်ဖို့အတွက် အပစ်အခတ်ရပ်စဲရေးကို ဒီလထပ်မံတိုးမြှင့်ရပ်ဆိုင်းထားခဲ့ပေမယ့် ကျနော်တို့တည်ရှိရာကို လာရောက်စစ်ဆင်လာ တာကြောင့် မိမိတို့ခုခံကာကွယ်တဲ့အနေနဲ့ ယခုလိုတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တာအိုက်ကျော်က ဆက်လက်ပြော ကြားခဲ့ပါတယ်။
RCSSနဲ့ TNLA တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးကိုမေးမြန်းရာမှာတော့
" မနေ့က နေရာကွက်ကြားတိုက်ပွဲဖြစ်ပွားခဲ့တာဟုတ်ပါတယ်။ TNLA အဖွဲ့တွေက ရရင်ရသလို ကျတော်တို့ တည်ရှိရာကို ဝင်ရောက်တိုက်တာတော့ရှိတယ်။ တိုက်ပြီးတော့ မရရင်ပြန်ဆုတ်အဲလိုတော့ရှိတယ်။"လို့ ဒီကနေ့မား နဂါးသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ရှေ့ဆက်ပြီး တိုက်ပွဲပြင်ထန်းဖို့ အလားအလာနည်းဖို့ရှိမှာဖြစ်ပြီး တစ်ဖက်နဲ့တစ်ဖက် လက်ရှိနိုင်ငံရေး အခြေအ နေအရ တိုက်ပွဲတွေကို မည်သူကမျှတိုက်ပွဲမဖြစ်စေချင်တာကြောင့် အထက်တာဝန်ရှိသူလူကြီးတွေ တွေ့ဆုံ ညှိနှိုင်းပြီးနာလည်မှုရှိလာရင် တိုက်ပွဲတွေက လျှော့နည်းသွားနိုင်တယ်လို့ ယူဆတယ်ဆိုပြီး RCSS ဒုတိယ ဗိုလ်မှူးကြီး စိုင်းအုမ်ခေးက ဆက်လက်သုံးသပ်ပြောဆိုခဲ့ပါတယ်။
ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁ရက်ကနေ ဖေဖော်ဝါရီလ ၂၈ရက်နေ့ထိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို နောက်ထပ်နှစ်လတိုးမြှင့်လိုက်တယ်လို့ ဇန်နဝါရီလ ၁ရက်နေ့မှာ ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁ရက်နေ့ကနေ ၃ရက်နေ့ထိကို RCSSတပ်ဖွဲ့ နဲ့ TNLA တို့အကြား ထိတွေ့တိုက်ပွဲ (၇)ကြိမ်ဖြစ်ပွားခဲ့ပြီး ဒီနေ့ ဇန်နဝါရီလ ၄ရက်နေ့မှာလည်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်နေပြီး ကျောက်မဲမြို့ပေါ်မှာလည်း တိုက်ပွဲရှောင်ပြည်တွေ ထွက်ပြေးတိမ်းရှောင်လာတာ လူဦးရေ ၁ထောင်ကျော်ရှိ နေပြီဖြစ်ပါတယ်။

https://www.facebook.com/MarnagarMultimediaNews/posts/4148426195186574?__cft__[0]=AZUn6-VcQYd8GQo4tQh0GGC8QQVftGdVxEXvdmMf_t8z2rmQnz1KM_Y33erBgjUlLI1qWvkOxjVlQAhLPQ64xL646mH8jPWXF7oSe-q9KLTa6daQrq2rD-MOq_50NXQGz7pY0wIn7JZ2wlps2hZbGh3T&__tn__=%2CO%2CP-R

No comments:

Post a Comment