Saturday, January 30, 2021

လုံစံကျောင်းထိုင်ဆရာတော်ကျန်းမာရေးအခြေ အနေစိုးရိမ်ရသဖြင့် တအာင်းကျေးရွာရှိပြည်သူတွေသွားရောက်ကန်တော့ကြရာမှာ RCSS တပ်ဖွဲ့နယ်မြေ(၇)မှ မလာကြဖို့တားမြစ်ထားတယ်လို့ဒေသခံတွေကဆို

 လုံစံကျောင်းထိုင်ဆရာတော်ကျန်းမာရေးအခြေ အနေစိုးရိမ်ရသဖြင့် တအာင်းကျေးရွာရှိပြည်သူတွေသွားရောက်ကန်တော့ကြရာမှာ RCSS တပ်ဖွဲ့နယ်မြေ(၇)မှ မလာကြဖို့တားမြစ်ထားတယ်လို့ဒေသခံတွေကဆို

မိုင်းကိုင် | မားနဂါး ။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် လုံစံကျေးရွာရှိ ကျောင်းထိုင်ဆရာတော် ကျန်းမာရေးအခြေအနေ စိုးရိမ်ရတဲ့အတွက်ကြောင့် မိုင်းကိုင်မြို့နယ်ထဲရှိ တအာင်းကျေးရွာပြည်သူတွေအနေနဲ့တစ်ရွာပြီးတစ်ရွာလာ ရောက်ကန်တော့ကြပြီး ဇန်နဝါရီလ ၂၈ရက်နေ့မှာ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ RCSS နယ်မြေ (၇)တာဝန်ရှိသူတစ်ဦးက ဆရာတော်ကိုလာမကန်တော့ဖို့ တားမြစ်ထားတယ်လို့ မိုင်းကိုင်ဒေသခံတစ်ဦးက ဒီကနေ့ မားနဂါးသတင်းဌာနကိုပြောပါတယ်။

လုံစံကျောင်းထိုင်ဆရာတော် ဦးနန္ဒမာလာ သက်တော် (၈၉)နှစ်ရှိပြီး အသက်ကြီးပြီဖြစ်တဲ့အတွက် ဝါထွက်ပြီး နောက်ပိုင်းမှာ ဆရာတော်ရဲ့ကျန်းမာရေးသိပ်မကောင်းတဲ့အတွက် ရပ်ဝေးရပ်နီးက သံဃာတော်တွေ၊ ဒကာ/ဒ ကာမတွေ တစ်ရွာပြီးတစ်ရွာတက်စွမ်းသမျှအလှူဝတ္တုတွေ ဆေးဝါးခအဖြင့် သွားရောက်လှူဒါန်းကြပြီး ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်အတွင်းမှာ RCSS တပ်ဖွဲ့မှ သွားရောက်ကြည့်ရူခွင့်မပြုတော့ဘဲ တားမြစ်ထားတာတွေရှိနေတယ် လို့ သိရပါတယ်။

ခုလိုRCSSတပ်ဖွဲ့မှ ဆရာတော်ကိုလာရောက်မကန်တော့ဖို့ တားမြစ်ထားတဲ့အပေါ်မှာ မိုင်းကိုင်ဒေသခံတစ်ဦးက
"ဆရာတော်ရဲ့ကျန်းမာရေးအခြေအနေဆိုးစွားလာလို့ ရပ်ဝေးရပ်နီး ဒကာဒကာမတွေ တက်စွမ်းသမျှအလှူ ဝတ္တု တွေလာလှူကြတယ်။ RCSSတပ်ဖွဲ့တွေက ဆရာတော်ဆီမလာဖို့ ဆရာတော်ကိုလာမကန်တော့ဖို့ တားမြစ်ထား တယ်။ ရွာကလူတွေလည်း ဘယ်သူမှမသွားရဲကြတော့ဘူး။ ဘာသဘောနဲ့တားမြစ်တာလဲ၊ဆရာတော် တခုခု ဖြစ် သွားရင်ဘယ်သူမြင်မလဲ၊ ဒါကမဖြစ်သင့်မဖြစ်ထိုက်တဲ့အရာတစ်ခုဖြစ်တယ်။"လို့ မားနဂါးသတင်းဌာနကို ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး RCSS ပြောရေးဆို ခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေးကို အကြိမ် ကြိမ် ဆက်သွယ်ရာမှာလည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ ။

https://www.facebook.com/MarnagarMultimediaNews/posts/4222117031150823?__xts__%5B0%5D=68.ARDq9zP9-QJ1j3s7IO4aOZZI8EB0qqB8gU_x3k7FY_QuHyWJw2nOMDopVrr0bYHJ6hcGHGHCAkeTRVPE5qU-AixDjaY2ncUIfOgDdLksI9lKNjWQ2XJplDW8IUM2hpWTXEGGDp3Ocjf6ueglRKf0C4F9VbZffavJMtPEkozmiSM-BSJe9VGYcnBkasAoBFrWr1n-UeuJ0s86LIJInLUkHBDK1WmyCp65Ct6ElkAHMa5QXucOtuuzAmvysujPfVYnb8PcRmQkPIn9HIb9c3TdzuHjUwFZ807V48_2M0xdfSMt4gkgOAE57A&__tn__=-R

No comments:

Post a Comment