Sunday, January 31, 2021

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် နှင့် NLD ခေါင်းဆောင်ပိုင်းတွေကို တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်း

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် နှင့် NLD ခေါင်းဆောင်ပိုင်းတွေကို တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်း

လားရှိုး | မားနဂါး ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်အပါအဝင် NLD အစိုးရခေါင်းဆောင်တွေ၊ ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်တွေကို တပ်မတော်က ဒီကနေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ ဒီကနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့မနက်မှာ သိရပါတယ်။

လက်ရှိချိန်မှာ မိုဘိုင်းဖုန်းလိုင်းတွေလည်း အကုန်ပြတ်တောက်နေပြီး မြို့အဝင်အထွက်တွေလည်း တပ်မတော်ဘက်က ထိန်းသိမ်းနေရာယူပြီး မြို့အဝင်အထွက်တွေပိတ်ထားတယ်လို့လည်းသိရပါတယ်။

မဲစာရင်းများမှားယွင်းမှုကို ရွေးကောက်ပွဲကော်မရှင်ကဖြေရှင်းရန်ငြင်းဆန်ခြင်း၊ လွှတ်တော်ကျင်းပမယ့် နေ့ရွှေ့ဆိုင်းပေးရန်တပ်မတော်ရဲ့တောင်းဆိုချက်ကို ငြင်းပယ်ခြင်းတို့ကြောင့် နိုင်ငံတော်ဟာ အန္တရာယ်ကျ ရောက်မယ့် အခြေအနေနဲ့ရင်ဆိုင်ရတဲ့အတွက် တရားစီရင်ရေး၊ ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေးအာ ဏာသုံးရပ်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်လိုက်တယ်။ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ အဖြစ်တစ် နှစ်သတ်မှတ်ရေးထိုးထုတ်ပြန်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးရဲ့ ဥပဒေကဲ့သို့ အာဏာတည်သော် အမိန့်အမှတ် စဉ် (၁/၂၀၂၁)ကိုထုတ်ပြန်ထားတယ်လို့သိရပါတယ် ။

#ဒေါ်အောင်ဆန်းစုကြည်#ဦးဝင်းမြင့်#ဝန်ကြီးချုပ်#ထိန်းသိမ်း#တပ်မတော်

 https://www.facebook.com/MarnagarMultimediaNews/posts/4226732664022593?__tn__=%2CO*F

No comments:

Post a Comment