ညီနောင်မဟာမိတ်(၃)ဖွဲ့မှ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကို နောက်ထပ်နှစ်လထပ်မံသက်တမ်းတိုးမြှင့်
လားရှိုး | မားနဂါး ။
၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁ရက်ကနေ ဖေဖော်ဝါရီ ၂၈ရက်နေ့ထိကို ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း(PSlF/TNLA)၊ ရခိုင်(ULA/AA)တို့မှ နောက်ထပ် နှစ်လ တစ်ဖက်သတ် အပစ်အ ခတ်ရပ်စဲရေးကို သက်တမ်းတိုးမြှင့်လိုက်တယ်လို့ ဒီနေ့ ဇန်နဝါရီလ ၁ရက်နေ့မှာ ထုတ်ပြန် ကြေညာထားပါတယ်။
တစ်ဖက်သတ်ပစ်ခတ်ရပ်စဲရေးကို နှစ်လတိုးမြှင့်ထုတ်ပြန်ကြေညာထားရတဲ့ရည်ရွယ်ချက် ရည်မှန်းချက်ကတော့
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင်ပြေချောမွေ့စေဖို့၊ လက်တွေ့ကျတဲ့လုပ်ငန်းတွေကို ထိထိရောက်ရောက်ဆောင် ရွက်နိုင်ဖို့နဲ့ နှစ်ဖက်ယုံကြည်မှုတည်ဆောင်နိုင်ဖို့၊မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး မိမိတို့ပြည်သူလူထု အတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေတဲ့ အခြေအနေတစ်ခုကို ဖန်တီးနိုင်ဖို့၊ မြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်း ထိစပ်လျက်ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေအားလုံးရဲ့ နယ်စပ်မှာ တည်ငြိမ်အေးချမ်းမှုရရှိနိုင်စေဖို့၊ မိမိတို့ ပြည်သူလူထု ရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို အကာအကွယ်ပေးနိုင်ဖို့၊ တစ်ကမ္ဘာလုံးရင်ဆိုင်နေ့ရတဲ့ ကိုရိုနာကူးစက်မြန် ရောဂါကို ထိန်းချုပ်နိုင်ရေး ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာလုပ်ငန်းတွေကို အထောက်အကူပြုနိုင်ဖို့၊ မြန်မာငြိမ်းချမ်းရေးကိုသာမက ကမ္ဘာ့ငြိမ်းချမ်းရေးကိုပါလိုလားပြီး နိုင်ငံတကာအကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွင်နိုင်ဖို့ ဆိုပြီး အချက် (၆)ချက်နဲ့ရေးသားထုတ်ပြန်ထားတာတွေ့ရပါတယ်။
တစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားတဲ့ကာလအတွင်း မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများရှိလာပါက မိမိကိုယ်မိမိ ခုခံတဲ့အနေနဲ့ တုံ့ပြန်ကာကွယ်သွားမှာဖြစ်ကြောင်းရေးသားဖော်ပြထား ပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4140387552657105?__cft__[0]=AZWpMOM63QYJlW1JXHUcLxr_crOxuXl9zUlCZBmWjeKruifOMjsql4GSmoYYdiijt-sLsBHHiHqLrOsFNsgiLy_DFI7PRLnk7QZNY0LEUAus9Ahsw3dgwg5Z0chdjkjNU5xfucSZOI1z-DssWqPHyq73&__tn__=%2CO%2CP-R
No comments:
Post a Comment