Friday, January 1, 2021

ကျောက်မဲမြို့ပေါ်မှာ တိုက်ပွဲရှောင်ပြည်သူတွေနေ့စဉ်လိုလိုရောက်ရှိလာပြီး တိုက်ပွဲရှောင်ပြည်သူစုစုပေါင်း ၈ဝဝကျော်ထိရှိလာ

 ကျောက်မဲမြို့ပေါ်မှာ တိုက်ပွဲရှောင်ပြည်သူတွေနေ့စဉ်လိုလိုရောက်ရှိလာပြီး တိုက်ပွဲရှောင်ပြည်သူစုစုပေါင်း ၈ဝဝကျော်ထိရှိလာ

ကျောက်မဲ | မားနဂါး ။
ကျောက်မဲမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)တို့အကြား ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဒေသခံပြည်သူလူထု ၈ဝဝကျော် ကျောက်မဲမြို့သို့ လာရောက်ခိုလှုံကြပြီး ရှမ်းမြောက်ပရဟိတ လူမှုကူညီရေးအသင်းမှ မနေ့ ဒီဇင်ဘာလ ၃၁ရက်နေ့မှာ ဆန်၊ ဆီ၊ ဆား၊ စောင်၊ ရိက္ခာ လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေကို လာရောက်ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ အိုမ်တမာဝ် လူမှုကူညီရေးအသင်း မိုင်းဆမဲင်းရှိုန်းက မားနဂါးသတင်းဌာနကိုပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်လာတဲ့ပြည်သူတွေဟာ ကျောက်မဲမြို့ပေါ်ရှိ ဝါဆိုကျောင်းတိုက်၊ အောင်မင်္ဂလာကျောင်းတို က်၊ ပိန္နဲကုန်းစာသင်ကျောင်းနဲ့သန္တိသုခ ဓမ္မာရုံ ၄နေရာတွေမှာလာရောက်ခိုလှုံကြပါတယ် ။
ကျေးရွာ ရရွာနဲ့ လူဦးရေ ၈ဝဝကျော်ရှိ ကျောက်မဲမြို့နယ် လွယ်အံ(တင်း)ကျေးရွာ၊ ကောင်းခါးကျေးရွာ၊ ခုံငင်းကျေးရွာ၊ မန်စပ်ကျေးရွာ၊ မန်စံကျေးရွာ၊ ပန်လော့ကျေးရွာနှင့် ပန်မခံကျေးရွာတို့ဖြစ်ကြပြီး ရွာလုံးကျွတ်လိုလို ထွက်ပြေးတိမ်ရှောင်လာပြီး လမ်းမလျှောက်နိုင်တဲ့ အဘိုးအဘွားတွေနဲ့ အိမ်ကိုမစွန့်လွှတ်နိုင်တဲ့သူတွေသာကျန်ရှိခဲ့ တယ်လို့သိရပါတယ် ။
တိုက်ပွဲရှောင်ပြည်သူတွေရဲ့ အခြေအနေနှင့်ပတ်သက်ပြီး ကျောက်မဲမြို့ အိုမ်တမာဝ်လူမှုကူညီရေးအသင်း မိုင်းဆမဲင်းရိူန်းက
"ဒီနေ့ထပ်ရောက်လာတဲ့လူတွေလည်းရှိတယ်။ ခုချိန်ထိ သွားရောက်ကြိုနေရတုန်းပဲ၊ အကုန်လုံး(၇) ရွာရှိတယ်။ သူတို့ကို (၄) နေရာထားတယ်။ အစားအသောက်ကျတော့ လက်ရှိအခြေအနေထိတော့ အလှူရှင်တွေရှိတယ်။ အလှူရှင်တွေ လာလှူကြတယ်။ အစားအသောက်တော့ ခုချိန်ထိအခက်အခဲမရှိပါဘူး။ နောက်ရက်ရှည် ထပ်ဖြစ်လာမယ်ဆိုရင် အခက်အခဲရှိမှာတော့ သေချာပေါက်ရှိလာမှာဖြစ်တယ်"လို့ မားနဂါး သတင်းဌာနကို ပြောပါတယ်။
စားသောက်ရေးအတွက် ကျောက်မဲမြို့နယ်က အလှူရှင်တွေမက နမ့်ကျန်အဖွဲ့နှင့် တစ်ခြားဒေသက ကွတ်ခိုင်၊ မူဆယ်၊ နမ့်ဖတ်ကာ၊ နမ့်ခမ်း လူမှုကူညီရေးအသင်းများလည်း လာရောက်လှူဒါန်းတာတွေရှိပြီး အမြို့မြို့အနယ် နယ်က အလှူရှင်တွေလည်းလာရောက်လှူဒါန်းတာတွေရှိပါတယ်လို့ သူကဆက်ပြောခဲ့ပါတယ်။
ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် ပါဝင်ကူညီလှူဒါန်းလိုပါက ကျောက်မဲမြို့ အိုမ်တမာဝ်လူမှုကူညီရေးအသင်းထံမှလည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်လို့ အိုမ်တမာဝ်လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးကမားနဂါးသတင်းဌာနကိုပြောကြားခဲ့ပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4140975565931637?__cft__[0]=AZWPZmUOmOoUQuZqj3PQFfk11UzAJeMetxokmoLq93_G2gYwelj5S-ZuF1v3eYv06IN-mGim7rLVtFGd8v-2GXx9tG3r3ZTacr0badI4ROVrsTCdN1bh_f-t4kANXEktfS-wu-pfU9puv1kntQpQczU7&__tn__=%2CO%2CP-R

No comments:

Post a Comment