Sunday, January 3, 2021

လွတ်လပ်ရေးနေ့မှာ အင်းစိန်ထောင်က လွတ်လာတဲ့ အကျဉ်းသားမရှိ

 မြန်မာဌာန | သတင်းများ

လွတ်လပ်ရေးနေ့မှာ အင်းစိန်ထောင်က လွတ်လာတဲ့ အကျဉ်းသားမရှိ

2021-01-04

Email storyComment on this storySharePrint story

ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်ပို့ရန်

လွတ်လပ်ရေးနေ့မှာ အင်းစိန်ထောင်က လွတ်လာတဲ့ အကျဉ်းသားမရှိ

ဒေါက်တာအေးမောင်ကို စစ်တွေခရိုင်တရားရုံးမှာ ၂၀၁၈ နိုဝင်ဘာ ၁၂ ရက်နေ့က ရုံးထုတ်ခဲ့စဉ်

 Photo: Min Thein Aung/RFA

ဇန်နဝါရီလ ၄ ရက်နေ့ ဒီနေ့ လွတ်လပ်ရေးနေ့မှာ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့မှာ အကျဉ်းသားတွေ လွတ်မြောက်လာမလားဆိုတဲ့ အမြင်နဲ့ သွားရောက်စောင့်ဆိုင်းသူတချို့ရှိခဲ့ပေမယ့် လွတ်မြောက်လာသူ မရှိပါဘူး။


နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေနဲ့ ထောင်ဒဏ် အနှစ် ၂၀ ကျခံထားရတဲ့ ရခိုင် နိုင်ငံရေးသမား ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ လွတ်မြောက်မယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာကြောင့် သတင်းသမားတချို့လည်း အင်းစိန်ထောင်ရှေ့မှာ သွားရောက် စောင့်ဆိုင်းခဲ့ကြပါတယ်။


အင်းစိန်ထောင်မှူး ဦးဇော်ဇော်က ဒီနေ့အင်းစိန်ထောင်ကနေ လွတ်မြောက်မယ့်သူမရှိဘူးလို့ RFA ကိုပြောပါတယ်။


စာရေးဆရာဝေဟင်အောင်ရဲ့ ဇနီး ဒေါ်အေးအေးနွယ်ကလည်း လွတ်လပ်ရေးနေ့ဖြစ်တာမို့ လွတ်မြောက်ဖို့ မျှော်လင့်ပေမယ့် ဘာသတင်းမှ မကြားရသေးကြောင်းပြောပါတယ်။


ကပ်ရောဂါကာလဖြစ်တာမို့ ထောင်ဝင်စာလူတွေ့ ပို့ဆောင်ခွင့်မရဘဲ ပါဆယ်ပို့စနစ်နဲ့ နှစ်ပတ်တစ်ကြိမ် ပို့ဆောင်ပေးနေကြောင်းနဲ့ ထောင်ဝန်ထမ်းတွေဆီက ကြားရတဲ့သတင်းအရ ခင်ပွန်းဖြစ်သူရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့ သိရကြောင်း စာရေးဆရာဝေဟင်အောင်ရဲ့ ဇနီး ဒေါ်အေးအေးနွယ်က ပြောပါတယ်။


https://www.rfa.org/burmese/news/no-prisoners-release-independence-day-01042021022844.html

No comments:

Post a Comment