ဇန်နဝါရီ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စွမ်စော်ရပ်ကွက် ခိုဝိန်းရိပ် မန်မိုင်ရေအားလျှပ်စစ် စီမံကိန်းအသွားလမ်းတွင် စနေနေ့ ဇန်နဝါရီ ၁ရက် မနက်ပိုင်းက သေနတ်ဖြင့်ပစ်ခံရကာ သေဆုံးနေသော တရုတ်နိုင်ငံသားတစ်ဦးအလောင်းကို တွေ့ရှိခဲ့ကြောင်းသိရသည်။
"အလောင်းက လက်ကိုကောခြေကိုပါကြိုးချည်ထားတယ်။ မျက်လုံးကော၊ ပါးစပ်ကိုပါ အဝတ်စည်းထားပြီး၊ နားထင်ကနေပစ်ထားတာ၊ တရုတ်နိုင်ငံသားလို့သိရပါတယ်" ဟု အလောင်းကိုသွားရောက်သယ်ဆောင်ခဲ့သူ မူဆယ်မြို့ဂရုဏာ လူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်းကပြောသည်။
အသတ်ခံရသူမှာ တရုတ်နိုင်ငံသား ဖြစ်သည်မှာ မှန်ကန်ပြီး အသက်၂၅နှစ်အရွယ် အရောင်းအဝယ်လုပ်ကိုင်သူဖြစ်ကြောင်း မည်သည့်အကြောင်း ဖြင့်အသတ်ခံရသည်ကိုမသိရသေးသလို အမှုဖြစ် စဉ်များကိုစုံစမ်းလျက်ရှိကြောင်း မူဆယ်မြို့မရဲ စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုလူသတ်မှုသည် ၂၀၂၁ခုနစ်တွင် မူဆယ်မြို့၌ ပထမဆုံးဖြစ်ပွားသောသေနတ်ပစ်မှုဖြစ်ပြီး မူဆယ်မြို့၌ သေနတ်ပစ်မှုများ၊လက်ပစ်ဗုံး ဖြင့်တိုက်ခိုက်မှုများမကြာခဏဖြစ်ပွားလေ့ရှိသည်။ ယခုလူသတ်မှုဖြစ်ပွားရာ ခိုဝိန်းရပ်တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင်းက အမျိုးသမီးတစ်ဦးပြန်ပေးဆွဲခံရမှုများလည်းဖြစ်ပွားခဲ့သေးသည်။
http://www.mizzimaburmese.com/article/77069
No comments:
Post a Comment