Monday, January 4, 2021

မြောက်ဦးမြို့ရှိ စစ်ဘေးရှောင်စခန်း ၁၅ ခုကို မြန်မာ့တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့ပါဝင်သည့် စုပေါင်းအဖွဲ့မှ စစ်ဆေးရန်အကြောင်းကြား

 မြောက်ဦးမြို့ရှိ စစ်ဘေးရှောင်စခန်း ၁၅ ခုကို မြန်မာ့တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့ပါဝင်သည့် စုပေါင်းအဖွဲ့မှ  စစ်ဆေးရန်အကြောင်းကြား

အိမ်စိုးဖြူ

နိရဉ္စရာ၊ ဇန်နဝါရီ ၅/ ၂ဝ၂၁

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း(၁၅)ခုကို မြန်မာတပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ပါဝင်သည့် စုပေါင်းအဖွဲ့က စစ်ဆေးသွားရန် ဇန်နဝါရီ ၂ ရက်နေ့က အကြောင်းကြားထားသည်ဟု သတင်းရရှိသည်။

စစ်ဆေးသွားမည့် စစ်ဘေးရှောင်စခန်းများမှာ မြောက်ဦးမြို့နယ်မှ ညောင်ပင်ဈေး၊ လက်ကောက်ဈေး၊ အောင်တပ်၊ လောကမူ၊ ထမ္မရာဇ်၊ ကျောက်ကျပ်၊ဆင်ကဲ၊ တင်းတိန်ကန်၊ သံချောင်း၊ တောင်မြင့်၊ စင်းဘောကိုင်း၊ ဝက်လှ၊ တိမ်ညို၊ ပြလှနှင့် နကန်စခန်းတို့ဖြစ်ကြသည်။

စစ်ဘေးရှောင်စခန်းများတွင် လူဦးရေဖောင်းပွသည်နေသည်ဟုဆိုကာ စိစစ်သွားမည့်အကြောင်း၊ စစ်ဆေးမည့် ရက်ကို အတိအကျပြောထားခြင်း မရှိသည့်အတွက် ရှောင်တခွင် ဝင်ရောက်စစ်ဆေးနိုင်ကြောင်း တိန်ညိုစစ်ဘေးရှောင်စခန်း ကော်မတီဝင်တစ်ဦဖြစ်သူ ဦးစိုးနိုင်က နိရဉ္စရာသတင်းဌာနအားပြောသည်။

“ ကျွန်တော်တို့စခန်းမှာတော့ တိန်ညိုရွာနားက ရွာတွေမှာ နေတဲ့လူတချို့ရှိမယ်။ လက်ရှိက လူသုံးထောင်လောက် ရှိတယ်။ စစ်ဆေးတဲ့အချိန်မှာ စစ်တပ်လည်းပါမယ်ဆိုလို့ နည်းနည်းတော့ စိုးရိမ်တာကလွဲလို့ သိပ်ထွေထွေထူးထူး မရှိပါဘူး။ ပစ်တာခတ်တာတွေလည်း မရှိလောက်ဘူးလို့ထင်တယ်လေ”ဟု ပြောသည်။

၎င်းအကြောင်းကြားစာကို ခရိုင်မှတဆင့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ စစ်ဘေးရှောင်စခန်းများသို့ စာဖြင့် ပေးပို့လာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 တိန်ညိုစစ်ဘေးရှောင်စခန်း၌ လူဦးရေ ၃၃၅၅ ဦးနှင့် အိမ်ထောင်စု ၈၇၅ စုခန့် စာရင်းတွင် ရှိသော်လည်း နီးစပ်ရာကျေးရွာများရှိ ဆွေမျိုးအိမ်များတွင် ခိုလှုံနေထိုင်နေသူအချို့ကြောင့် လက်ရှိ လူဦးရေ ၃ဝဝဝ ခန့်သာ စခန်းတွင်း နေထိုင်နေကြောင်း ဦးစိုးနိုင်က ဆက်ပြောသည်။

မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးအား အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းရန်ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရရှိခဲ့သဖြင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းအား ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

မြောက်ဦးမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဦးမောင်သာစိန် လက်မှတ်ရေးထိုး ထားသည့်  အကြောင်းကြားစာတွင် မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲရှောင် စခန်းများရှိ တိုက်ပွဲရှောင်ပြည်သူများအား ၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ စာရေးတို့ပါဝင်သောအဖွဲ့နှင့် စိစစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ စိစစ်သည့်အခါတွင် သက်ဆိုင်ရာ တိုက်ပွဲရှောင်စခန်းအလိုက် ဖွဲ့စည်းထားသည့် စခန်း စီမံခန့်ခွဲရေး ကော်မတီ များမှ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားရမည်ဟု ပါရှိသည်။

၎င်းအပြင် အဆိုပါအဖွဲ့၏ စိစစ်တွေ့ရှိချက်များအပေါ်မူတည်၍ ရိက္ခာထောက်ပံ့ခြင်းကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ သိရှိရန်နှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် စစ်ဘေးရှောင် စခန်းစီမံခန့်ခွဲရေး ကော်မတီများအနေဖြင့် ပူးပေါင်းပါဝင်ခြင်းမရှိပါကလည်း ကျန်အဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်ချက်ရလဒ်များအား အတည်ပြုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရည်ညွှန်းစာဖြင့် အကြောင်းကြားလာမှုအပေါ် သိရှိလိုက်နာဆောင်ရွက်ရန် အကြောင်းကြားခြင်းဖြစ်ကြောင်း ပါရှိကြောင်း ပါရှိသည်။

မြောက်ဦးမြို့နယ်တွင် စစ်ဘေးရှောင်စခန်း ၂၇ ခုရှိ၍ ယင်းတို့တွင် အိမ်ထောင်စု ၅၂ဝ၅ စု၊ စစ်ဘေးရှောင်ဦးရေ ၁၆၈၄၂ ဦးတို့ ခိုလှုံနေကြောင်း ရခိုင်တိုင်းရင်သားမျိုးနွယ်များ အစည်းအရုံး၏ ၂ဝ၂ဝပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့၏ စာရင်းအရသိရသည်။

--------------------------

Unicode:


အိမျစိုးဖွူ

နိရဉ်စရာ၊ ဇနျနဝါရီ ၅/ ၂ဝ၂၁











https://burmese.narinjara.com/.../5ff45f283f8935047dbb79dc


https://www.facebook.com/narinjara.info/posts/3933783469967034

No comments:

Post a Comment