Monday, January 4, 2021

ကျောက်တော်မြို့နယ်မှ မြေမြုပ်မိုင်းနင်းမိသည့်မြိုအမျိုးသမီး ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံသို့ ယူဆောင်လာရ

 ကျောက်တော်မြို့နယ်မှ မြေမြုပ်မိုင်းနင်းမိသည့်မြိုအမျိုးသမီး ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံသို့ ယူဆောင်လာရ

ဇွဲဓန (ကိန်းသာမြေ)၊ ဇော်ဝင်းဌေး (ငခူချောင်း)

နိရဉ္စရာ၊ ဇန်နဝါရီ ၅ / ၂ဝ၂၁

ကျောက်တော်မြို့နယ်မှ မြေမြုပ်မိုင်းနင်းမိ၍ မြိုအမျိုးသမီးမှာ ဒဏ်ရာပြင်းထန်သဖြင့် ကျောက်တော် ဆေးရုံမှ ကားဖြင့် ယူဆောင်လာရာ ယနေ့နံနက် ၁ဝ နာရီခန့်တွင် စစ်တွေဆေးရုံသို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။

၎င်းအမျိုးသမီးလူနာအား ကျောက်တော် ဖြူစင်မေတ္တာပရဟိတအသင်းကားဖြင့် ကျောက်တော်ဆေးရုံမှ စစ်တွေဆေးရုံသို့ သယ်ဆောင်လာခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူမှာ ခဘော်ကျေးရွာမှ မြိုအမျိုးသမီး ဒေါ်ခင်စံမမေ (၄၃)နှစ်ဖြစ်သည်။

၎င်းအမျိုးသမီးမှာ ခန္ဓာကိုယ်တစ်ကိုယ်လုံးတွင် ပွန်းပဲ့ဒဏ်ရာ ရရှိသွား၍ ထိုအမျိုးသမီးမှာ ကျောင်းနေကလေး သုံးယောက်ရှိကြောင်း မောင်တော်စပ်သူ ဦးကျော်လှထွေးက ပြောသည်။

̏ လူနာ ဒဏ်ရာအခြေနေ ကျနော်စဉ်းစားတာက သိပ်မကောင်းတော့ဘူး။ ဒဏ်ရာရသွားတဲ့ နေရာကတော့ မျက်လုံးတွေပေါ့။ မျက်လုံးတွေက မမြင်တော့ဘူး။ ပါးအရေပြားတွေ အကုန်လုံး ကွာသွားတယ်။ လက်မှာလည်း ဒဏ်ရာတွေရှိတယ်။ ညာဖက် ခြေထောက်တစ်ချောင်း ပြတ်သွားတယ်။ ခြေမျက်စိလောက်က ပြတ်သွားတာပေါ့။ ကျန်တဲ့ခြေတစ်ဖက်ကတော့ နည်းနည်း ဒဏ်ရာရသွားတယ်။  လူနာက သတိ ရတစ်ချက် မရတစ်ချက်ပေါ့။ ကျနော်အစ်မမှာ ဘာမှ လုပ်ကိုင်စားသောက်စရာ မရှိဘူး။ သားသမီး သုံးယောက်ရှိတယ်။ သူတို့တွေက မူလတန်းကျောင်း တက်ရမဲ့ အရွယ်ကလေးပဲ ရှိသေးတယ် ̋ ဟုပြောသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာမှ မြိုအမျိုးသမီးတစ်ဦး ကျေးရွာအနီးတောင်ပေါ်သို့ ယမန်နေ့ နံနက် ၉ နာရီခန့်က ထင်းခုတ်ရန်သွားရာမှ မြေမြုပ်မိုင်းနင်းမိ၍ ညာဖက်ခြေထောက် ခြေမျက်စိ အထိ ပြတ်သွားသည်ဟု မောင်တော်စပ်သူ ပြောပြချက်အရ သိရသည်။

--------------------------------

Unicode -



နိရဉ်စရာ၊ ဇနျနဝါရီ ၅ / ၂ဝ၂၁







https://burmese.narinjara.com/.../5ff41f0d3f8935047dbb79d...


https://www.facebook.com/narinjara.info/posts/3933303730015008

No comments:

Post a Comment