ေထာင္ႏွစ္ရွည္က်ခံရသည့္ ေဒါက္တာေအးေမာင္ ျပန္လည္လြတ္ေျမာက္ေစလိုဟု ANP ပါတီေျပာ
Posted: January 4, 2021
ေထာင္ႏွစ္ရွည္က်ခံေနရသည့္ ရခိုင္အမ်ိဳးသားပါတီေခါင္းေဆာင္ေဟာင္း တစ္ဦးျဖစ္သူ ေဒါက္တာေအးေမာင္ကို ျပန္လည္လြတ္ေျမာက္ ေစလိုေၾကာင္း အမ်ိဳးသားပါတီ(ANP)မွ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးကေျပာသည္။
“ကၽြန္ေတာ္တို႔ကေတာ့ ဘာမွအတိအက် မသိရေသးဘူး၊ ကၽြန္ေတာ္တို႔က ေမၽွာ္လင့္ထားတာကေတာ့ လြတ္ေစခ်င္တာေပါ့၊ သူတို႔က လြတ္တယ္၊ မလြတ္ဘူးဆိုတာ ဘာမွကိုမသိရေသးဘူး၊ လြတ္ေစခ်င္တယ္ေလ၊ ေဒါက္တာေအးေမာင္ တင္မဟုတ္ဘူး၊ စာေရးဆရာ ေဝဟင္ေအာင္ကိုပါ လြတ္ေစခ်င္တယ္”ဟု ရခိုင္အမ်ိဳးသားပါတီ(ANP)မွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကေျပာသည္။
ေဒါက္တာေအးေမာင္ ယေန႔ဇန္နဝါရီလ (၄) ရက္တြင္ ျပန္လည္လြတ္ေျမာက္မည္ဟု သတင္းမ်ားထြက္ေပၚေနျခင္းျဖစ္သည္။
ေဒါက္တာေအးေမာင္ႏွင့္ စာေရးဆရာ ေဝဟင္ေအာင္တို႔ကို နိုင္ငံေတာ္ပုန္ကန္မႈ၊ နိုင္ငံေတာ္အၾကည္ညိဳ ပ်က္ေစမႈစြဲခ်က္မ်ားျဖင့္ ၂၀၁၉ ခုႏွစ္ မတ္လ ၁၉ ရက္တြင္ ေထာင္ဒဏ္ ၂၂ ႏွစ္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
၂၀၁၈ ဇန္နဝါရီလလယ္ပိုင္း ရေသ့ေတာင္ၿမိဳ႕တြင္ျပဳလုပ္ေသာ ရခိုင္ဘုရင့္နိုင္ငံေတာ္ အခ်ဳပ္အျခာအာဏာ က်ဆုံးျခင္း ၂၃၃ ႀကိမ္ေျမာက္ အစီအစဥ္တြင္ အဆိုပါႏွစ္ဦးသည္ သြားေရာက္ေဟာေျပာရာ ယင္းေဟာေျပာခ်က္မ်ားသည္ ဥပေဒႏွင့္ၿငိစြန္းသည္ဟုဆိုကာ ထိန္းသိမ္းခံခဲ့ရာမွ အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ရခိုင္အမ်ိဳးသားပါတီ(ANP) မွ ေခါင္းေဆာင္ေဟာင္း တစ္ဦးျဖစ္သူ ေဒါက္တာေအးေမာင္သည္ ရခိုင္ျပည္သူလူထုၾကားတြင္ ၾသဇာအာဏာ သက္ေရာက္သူတစ္ဦးလည္းျဖစ္သည္။
The Ladies News
ထောင်နှစ်ရှည်ကျခံရသည့် ဒေါက်တာအေးမောင် ပြန်လည်လွတ်မြောက်စေလိုဟု ANP ပါတီပြော
----- ----- -----
ထောင်နှစ်ရှည်ကျခံနေရသည့် ရခိုင်အမျိုးသားပါတီခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်ကို ပြန်လည်လွတ်မြောက် စေလိုကြောင်း အမျိုးသားပါတီ(ANP)မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောသည်။
“ကျွန်တော်တို့ကတော့ ဘာမှအတိအကျ မသိရသေးဘူး၊ ကျွန်တော်တို့က မျှော်လင့်ထားတာကတော့ လွတ်စေချင်တာပေါ့၊ သူတို့က လွတ်တယ်၊ မလွတ်ဘူးဆိုတာ ဘာမှကိုမသိရသေးဘူး၊ လွတ်စေချင်တယ်လေ၊ ဒေါက်တာအေးမောင် တင်မဟုတ်ဘူး၊ စာရေးဆရာ ဝေဟင်အောင်ကိုပါ လွတ်စေချင်တယ်”ဟု ရခိုင်အမျိုးသားပါတီ(ANP)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။
ဒေါက်တာအေးမောင် ယနေ့ဇန်နဝါရီလ (၄) ရက်တွင် ပြန်လည်လွတ်မြောက်မည်ဟု သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။
ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုစွဲချက်များဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်တွင် ထောင်ဒဏ် ၂၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၈ ဇန်နဝါရီလလယ်ပိုင်း ရသေ့တောင်မြို့တွင်ပြုလုပ်သော ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ ကြိမ်မြောက် အစီအစဉ်တွင် အဆိုပါနှစ်ဦးသည် သွားရောက်ဟောပြောရာ ယင်းဟောပြောချက်များသည် ဥပဒေနှင့်ငြိစွန်းသည်ဟုဆိုကာ ထိန်းသိမ်းခံခဲ့ရာမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်အမျိုးသားပါတီ(ANP) မှ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်သည် ရခိုင်ပြည်သူလူထုကြားတွင် သြဇာအာဏာ သက်ရောက်သူတစ်ဦးလည်းဖြစ်သည်။
The Ladies News
http://www.theladiesnewsjournal.com/news/mon-2021-01-04-0638/14232
No comments:
Post a Comment