Sunday, January 3, 2021

ညီအစ်ကိုမိသားစုများဖြစ်သည့်အတွက် AA အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ကိုယ်လူမျိုးတိုးတက်ရေးကိုလုပ်ပေးစေချင်ကြောင်း ရခိုင်ဝန်ကြီးချုပ်ပြော

 ညီအစ်ကိုမိသားစုများဖြစ်သည့်အတွက် AA အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် ကိုယ်လူမျိုးတိုးတက်ရေးကိုလုပ်ပေးစေချင်ကြောင်း ရခိုင်ဝန်ကြီးချုပ်ပြော

ထွန်းခိုင် (တောင်ရင်းကျွန်း)၊ ဇွဲဓန (ကိန်းသာမြေ)

နိရဉ္စရာ၊ ဇန်နဝါရီ ၄ / ၂၀၂၁

ရက္ခိုင့်တပ်တော် (AA) မှာ ညီအစ်ကို မိသားစုဝင်များဖြစ်သည့်အတွက် ချစ်ချစ်ခင်ခင်နှင့် ကိုယ့်ဒေသ ဖွံ့ဖြိုးရေးနှင့် ကိုယ့်လူမျိုးတိုးတက်ရေးအတွက် လုပ်ဆောင်ပေးစေချင်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ယနေ့ ကျရောက်သော (၇၃) ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် သတင်း ထောက်များနှင့် တွေ့ဆုံရာ၌ ပြောဆိုလိုက်သည်။

“AAအဖွဲ့နဲ့ပတ်သတ်ပြီးတော့ ကိုယ့်အစ်ညီကိုတွေပဲဗျာ။ မိသားစုတွေပဲ အားလုံး ချစ်ချစ်ခင်ခင် ညီညီညွှတ်ညွှတ်နဲ့ ကိုယ့်ဒေသဖွံ့ဖြိုးဖို့ ကိုယ့်လူမျိုးတွေ တိုးတက်ဖို့အတွက် ကြိုးစားလုပ်စေချင်တာပေါ့” ဟု ဝန်ကြီးချုပ်က ပြောသည်။

မိသားစုစိတ်ဓာတ်၊ ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုတို့ဖြင့် လုပ်ကြစေချင်သည်ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကပြောသည်။ 

“အားလုံးတစ်ယောက်နဲ့တစ်ယောက် သဘောထားကြီးကြီးနဲ့ မိသားစုစိတ်ဓာတ်နဲ့ ယုံယုံကြည်ကြည်နဲ့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှုနဲ့ လုပ်ကြမယ်ဆိုရင် အကောင်းဆုံးပေါ့။ လုပ်ကြစေချင်ပါတယ်။ ” 

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများငြိမ်းချမ်းရေးအတွက် အားလုံးက ငြိမ်းချမ်းရေး စိတ်ဓာတ်နှင့် ယုံကြည်မှု တည်ဆောက်ပြီး လုပ်စေချင်ကြောင်းလည်း ၎င်းကဆက်ပြောသည်။

“ရခိုင်ပြည်မှာ တိုက်ပွဲတွေ ငြိမ်ချမ်းဖို့အတွက် အားလုံးက အသိစိတ်ဓာတ်နဲ့ တစ်ဦးချင်း ကိုယ်စီကိုယ်ငှ တကယ့်ငြိမ်းချမ်းစေတဲ့စိတ်ဓာတ် တကယ့်အေးချမ်းစေတဲ့စိတ်ဓာတ်မျိုးတွေ အပြည့်အဝ စိတ်ထဲမှာ ခံစားပြီးတော့ ယုံကြည်ပြီးတော့ လုပ်ကြစေချင်ပါတယ်” ဟု ဦးညီပုကပြောသည်။

လွတ်လပ်ရေးနေ့အခမ်းအနားကို စစ်တွေမြို့၊ ဓညဝတီဘောလုံးကွင်းတွင် ယနေ့ နံနက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအခမ်းအနားသို့  ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက တက်ရောက်ခဲ့ကြသည်။

----------------------- 

Unicode:



နိရဉ်စရာ၊ ဇနျနဝါရီ ၄ / ၂၀၂၁








https://burmese.narinjara.com/.../5ff2a5043f8935047dbb79ca


https://www.facebook.com/narinjara.info/posts/3930229463655768

No comments:

Post a Comment