Tuesday, December 29, 2020

ရှမ်း/မြောက်မှာ တစ်နှစ်အတွင်း TNLA နဲ့ တပ်မတော်တို့ တိုက်ပွဲအများဆုံး ဖြစ်ပွား

  ရှမ်း/မြောက်မှာ တစ်နှစ်အတွင်း TNLA နဲ့ တပ်မတော်တို့ တိုက်ပွဲအများဆုံး ဖြစ်ပွား

မိုင်းယိုင်နီ၊ ရွှေဖီမြေ

ဒီဇင်ဘာ ၃ဝ ရက်၊ လားရှိုး

၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလ ၃ဝ ရက်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)တို့အကြား တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့ပါတယ်။

TNLA နဲ့ တပ်မတော်တို့အကြား တစ်နှစ်အတွင်းမှာ တိုက်ပွဲပေါင်း (၁၁၉)ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ TNLA ရဲ့စာရင်းအရ သိရပါတယ်။ 

တိုက်ပွဲပေါင်း (၁ဝဝ)ကျော်ထဲမှာ ကွတ်ခိုင်မြို့နယ်ထဲ (၃၀)ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာလအတွင်းမှာ တပ်မတော်နဲ့ TNLA တို့အကြား တိုက်ပွဲပေါင်း (၂၀)အထိ ဖြစ်ပွားခဲ့ပြီးတော့ တိုက်ပွဲအများဆုံးဖြစ်ပွားတဲ့လ ဖြစ်ပါတယ်။

တပ်မတော်အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တပ်ဖွဲ့နဲ့လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နမ္မတူမြို့နယ်တွေမှာ တိုက်ပွဲ(၁၁)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ၂ ဖက်တပ်ဖွဲ့က ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

RCSS တပ်ဖွဲ့နဲ့ တပ်မတော်တို့အကြားမှာလည်း တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ RCSS ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ RCSS တပ်ဖွဲ့ဟာ TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တပ်ဖွဲ့တို့နဲ့ ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ နမ္မတူမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA၊ RCSS၊ SSPP တပ်ဖွဲ့အပြင် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ/ ဝပြည်တပ်မတော် (UWSP/UWSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့/ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA)၊ မြန်မာအမျိုးသား အမှန်တရားနဲ့ တရားမျှတမှုပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MMTJP/MNDAA)နဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)တို့လည်း သွားလာလှုပ်ရှားနေကြပါတယ်။

အဲဒီအထဲမှာ RCSS တပ်ဖွဲ့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က အခြားသော တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့အတူ ရေးထိုးခဲ့ပါတယ်။

#တိုက်ပွဲ #တပ်မတော် #TNLA #ရှမ်း/မြောက် #၂ဝ၂ဝ

#ဓာတ်ပုံ- မိုင်းအနိုင်၊ ရွှေဖီမြေ, Tai Freedom

https://www.facebook.com/451214215694715/posts/869367817212684/


https://www.facebook.com/shwepheemyaynews/posts/869367817212684

No comments:

Post a Comment