ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ လွယ်အံကျေးရွာအနီးတွင် TNLA နှင့် RCSS အဖွဲ့တို့၏ ထိတွေ့တိုက်ပွဲများကြောင့် ဒီဇင်ဘာ ၂၉ ရက်အထိ စစ်ဘေးရှောင်ပြည်သူ ၆ဝဝ ခန့်သည် ကျောက်မဲမြို့ပေါ်သို့ လာရောက် တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
TNLA နှင့် RCSS အဖွဲ့တို့သည်ဒီဇင်ဘာ ၂၅ ရက်တွင် လွယ်အံကျေးရွာအနီး၌ တိုက်ပွဲစတင် ဖြစ်ပွားနေခြင်းဖြစ်သည်။ဒီဇင်ဘာ ၂၇ ရက်က ကျောက်မဲမြို့ပေါ်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူများကို မြို့ပေါ်ရပ်ကွက်ရှိ ဝါဆိုကျောင်းတွင်ထားရှိရာမှ ယခုအခါ စစ်ဘေးရှောင်ပြည်သူများ ထပ်မံရောက်ရှိလာသဖြင့် အဆိုပါနေရာတွင် နေရာမလုံလောက်သောကြောင့်ကောင်းမူး အ.မ.ကကျောင်းနှင့် ၈ရပ်ကွက်ရှိ သန္တိသုခဓမ္မာရုံများတွင် စစ်ဘေးရှောင်စခန်းများ ထပ်မံတိုးဖွင့်ပေးခဲ့ရသည်။
ကျောက်မဲမြို့ရှိ ပရဟိတအဖွဲ့များသာမက သီပေါမြို့မှပရဟိတကားများပါစစ်ဘေးရှောင်ပြည်သူများကို ကျေးရွာအထိသွားရောက် ခေါ်ဆောင်ပေးနေရပြီး ဒီဇင်ဘာ ၂၉ တွင်လည်း စစ်ဘေးရှောင်ပြည်သူများ ထပ်မံ ရောက်ရှိလာပြီး နောက်ရက်များတွင်လည်း စစ်ဘေးရှောင်ပြည်သူများလာရောက်နိုင်ကြောင်းသိရ သည်၊ထပ်မံရောက်ရှိလာမည့် စစ်ဘေးရှောင်ပြည်သူများအတွက်နေရာချထားပေးရန်အတွက် အောင်မင်္ဂလာဘုန်းကြီးကျောင်းတွင် စီစဉ်ထားကြောင်း ကျောက်မဲမြို့စစ်ဘေးရှောင်ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းက ပြောသည်။ ယခုအခါကျောက်မဲမြို့တွင် စစ်ဘေးရှောင်စခန်းလေးခုဖွင့်လှစ်ထားပြီး အစားအသောက်နှင့်အနွေးစောင်များ လိုအပ်လျက်ရှိကြောင်းလည်းသိရသည်။
https://myanmar.mmtimes.com/news/149074.html
No comments:
Post a Comment