Tuesday, December 29, 2020

ဖာပွန်စစ်ရေးတင်းမာမှုအခြေအနေ တာဝန်ယူဖြေရှင်းပေးရေး အစိုးရအား KYN တိုက်တွန်း

 

ဖာပွန်စစ်ရေးတင်းမာမှုအခြေအနေ တာဝန်ယူဖြေရှင်းပေးရေး အစိုးရအား KYN တိုက်တွန်း

 
963

ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၂၀ ပြည့်နှစ်။ ကေအိုင်စီ

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များအပါအဝင် လက်ရှိ ကရင်ပြည်နယ် မူတြော်(ဖာပွန်)ခရိုင်အတွင်း ဖြစ်ပေါ်နေသည့် စစ်ရေးတင်းမာမှုနှင့်ပတ်သက်ပြီး အာဏာရအစိုးရအနေဖြင့် ထိရောက်စွာ တာဝန်ယူဖြေရှင်းပေးရေး ကရင်လူငယ် ကွန်ယက် KYN က ယနေ့ (ဒီဇင်ဘာ ၃၀ရက်) သဘောထားရပ်တည်ချက်စာတမ်းတစ်စောင် ထုတ်ပြန်ကာ တိုက်တွန်း တောင်းဆိုလိုက်သည်။

ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မည့် လမ်းစတစ်ခုအဖြစ်ချုပ်ဆိုထားကြသည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သ ဘောတူစာချုပ်- NCA ပါအချက်များအား အကောင်အထည်ဖော်မှု အားနည်းရာမှ လက်ရှိမူတြော်ခရိုင်အတွင်း ဖြစ်ပေါ်နေ သည့် နောက်ဆက်တွဲ ပြဿနာများတစ်စနှင့်တစ်စ မြှင့်တက်လာနေသည့်အပေါ် ကရင်လူငယ်ကွန်ယက် KYN မှ ၎င်းတို့၏ သဘောထားရပ်တည်ချက်ကို ထိုသို့ထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

“ကရင်လူငယ်တွေအနေနဲ့ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ တန်းတူညီမှုကိုလိုလားတဲ့ဆန္ဒရှိတဲ့အတွက် ကျနော်တို့ရပ် တည်ချက်ကို ထုတ်ပြန်တာဖြစ်ပါတယ်။ ဒီပြဿနာတွေဟာ ခေတ်အဆက်ဆက်အစိုးရအနေနဲ့ နိုင်ငံရေးမှာ စိတ်သ ဘောထား မှန်ကန်စွာ မလုပ်ဆောင်ခဲ့လို့ ဒီလိုမျိုးတွေဆက်ဖြစ်နေတာပေါ့နော်။ ဒီပဋိပက္ခအမွေဆိုးတွေကို လက်ရှိ လူငယ်တွေ ခံစားနေရသလို ဒါကိုဆက်ပြီးဖန်တီးနေတာမျိုးတွေဟာလည်း နောက်မျိုးဆက်တွေအတွက် ဆိုးမွေခံစား ရမှာဖြစ်တယ်။ ဒါတွေကိုရပ်တန့်ဖို့ဟာတွေက အစိုးရမှာ လုံးဝတာဝန်ရှိတယ်”ဟု KYN အတွင်းရေးမှူးအဖွဲ့ဝင် စောကျော်လင်းက ပြောသည်။

ယနေ့ထုတ်ပြန်လိုက်သည့် KYN သဘောထားရပ်တည်ချက်စာတမ်းတွင် ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်စေ သည့်အကြောင်းအရာများအပါအဝင် NCA အကောင်အထည်ဖော်မှုအားနည်းချက်များ၊ လွဲမှားနေသည့်မြန်မာ့ နိုင်ငံရေးဓလေ့များအား ထောက်ပြပြောဆိုထားပြီး ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး အစိုးရနှင့်တပ်မတော်တို့ လုပ်ဆောင်သင့်သည့်အကြံပြုတိုက်တွန်းချက်များကိုလည်း ထည့်သွင်းဖော်ပြထားသည်။

လက်ရှိကရင်ပြည်နယ် ဖာပွန်မြို့နယ် မယ်ဝေ(မဲဝိုင်)ဒေသအတွင်း အစိုးရ စစ်တပ် စခန်းချထားမှုနှင့်ပတ်သက်သည့် နောက်ဆက်တွဲပြဿနာများကြောင့် KNLA နှင့် အစိုးရ စစ်တပ်တို့အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ ဒေသခံ ၃ ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး နှစ်ဖက်စစ်ရေးတင်းမာမှုဖြစ်ပေါ်နေဆဲလည်းဖြစ်သည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ ကရင်လူငယ်များအနေဖြင့် ပြည်သူလူထုကိုထိခိုက်စေသည့်မည်သည့်လုပ် ဆောင်မှုမျိုး ကိုမဆို မလိုလားကြောင်းသဘောထားထုတ်ပြန်ထားသည့်အပြင် ၎င်းအခြေအနေများနှင့်ဆက်စပ်သည့် မူတြော်ခရိုင် မဲဝိုင် ဒေသတွင်း တပ်မတော်၏စစ်ရေးလှုပ်ရှားမှုများရပ်တန့်ရန် အစိုးရအနေဖြင့် ညွှန်ကြားရမည့်တာဝန်ရှိကြောင်းလည်း KYN က တိုက်တွန်းထားသည်။

ထို့အတူ ယနေ့ (ဒီဇင်ဘာ ၃၀ ရက်)တွင်လည်း မူတြော်(ဖာပွန်)ခရိုင်အတွင်းရှိ လူသောမြို့နယ်ဒေသခံ ထောင်နှင့်ချီကာ ၎င်းတို့အသက်ရှင်ရပ်တည်ရေးနှင့်လုံခြုံစိတ်ချစွာနေထိုင်နိုင်လုပ်ကိုင်ရေး ခြိမ်းခြောက်မှုဖြစ်စေသည့် အစိုးရ စစ်တပ်၏ လမ်းဖောက်လုပ်မှုများ၊ တပ်စခန်းတိုးချဲ့တည်ဆောက်မှုများနှင့် ပစ်ခတ်မှုများ ရပ်တန့်ပေးရေး တောင်းဆိုကန့်ကွက်သည့် ဆန္ဒထုတ်ဖော်မှုများလည်းပြုလုပ်ခဲ့သည်ဟု သိရသည်။

http://kicnews.org/2020/12/%e1%80%96%e1%80%ac%e1%80%95%e1%80%bc%e1%80%94%e1%80%b9%e1%80%85%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%b8%e1%80%90%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%99%e1%82%88%e1%80%a1%e1%80%b1/

No comments:

Post a Comment