Friday, December 25, 2020

စစ်ဘေးသင့် ရခိုင်ဒေသတချို့ကို ICRC ရိက္ခာပို့ ဆောင်မှု တားမြစ်ခံရ

 စစ်ဒဏ်ခံရခိုင်ပြည်နယ်မှာ စစ်ပြန်အေးလာချိန် ရိက္ခာခက်ခဲနေတဲ့ ရသေ့တောင်မြို့နယ်က ရွာသားတွေအတွက် ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့က အငှားရိက္ခာပို့တဲ့လှေကို မြန်မာရေတပ်ကဗုဒဓဟူးနေ့က ပြန်လှည့်ခိုင်းခဲ့ပါတယ်။ ဘာကြောင့်ခုလိုဖြစ်ခဲ့တာနဲ့ ဘယ်လိုဖြေရှင်းချင်တာတွေကို ရိက္ခာမျှော်နေတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌနဲ့ ရသေ့တောင်မြို့နယ်က ပြည်သူလွှတ်တော်အမတ်တို့ကို မေးရာမှာ ဆင်ခုံးတိုင်ရွာအုပ်ချုပ်ရေးမှူး ဦးမောင်ပု က အခုလိုစရှင်းပြပါတယ်။

ဦးမောင်ပု (ဆင်ခုံးတိုင်ရွာ အုပ်ချုပ်ရေးမှူး) ။.။ ကျနော်တို့ကို ICRC ကနေပြီး ကျနော်တို့ ဆင်ခုံးတိုင်အုပ်စု၊ အုပ်ဖိုအုပ်စု တို့ကိုလာပို့တဲ့အခါမှာ ပြည်နယ်ခွင့်ပြုချက်တော့ရတယ်ပြောတယ်။ နောက်ပြီးမြို့နယ်ခွင့်ပြု့ချက်မရလို့သူတို့ပြန်သွားတယ်သတင်းထွက်လာတယ်။ ကျနော်သိရတာက ဒီလောက်ပဲရှိတယ်။

ကိုဝင်းမင်း. ။. ။ ဒီဆင်ခုံးတိုင်ရွာမှာပဲ မွတ်ဆလင်အပိုင်းကို တာဝန်ခံရတဲ့ ဦးမောင်မောင်အေး ကလည်း -

ဦးမောင်မောင်အေး (ဆင်ခုံးတိုင်ရွာ၊ မွတ်ဆလင်အပိုင်းတာဝန်ခံ) ။.။ မနေ့ကလာမယ်ဆိုပြီး ICRC ဘက်က ကျနော်တို့ဆီကိုဖုန်းဆက်လာတယ်။ ရိက္ခာတင်လာပြီလို့ကျနော်တို့ကို အသိပေးတော့ ကျနော်တို့ရွာသူရွာသားတွေကလည်း အင်မတန်မှဝမ်းသာကြတယ်။ နောက်နာရီအနည်းငယ်ကြာတဲ့အခါမှာ လာတဲ့ဘုတ်ကို ရေတပ်က တားထားလို့ လာပို့ဖို့အဆင်မပြေဘူးလို့ပြောထားတယ်။

ကိုဝင်းမင်း ။. ။ ဒီအပေါ် ICRC နဲ့ အဆက်သွယ်ရထားတဲ့ ရသေ့တောင်မြို့နယ် ပြည်သူလွှတ်တော်အမတ် ဒေါ်ခင်စောဝေ က

ဒေါ်ခင်စောဝေ ။. ။ ရသေ့တောင်မြို့အလွန်မှာရှိတဲ့ အိုးခေါက်ကျေးရွာအပါအဝင် ရှစ်ရွာကိုပေးဖို့သွားတယ်။ ဒါပေမဲ့ ရသေ့တောင်ကိုကျော်တာနဲ့ ရေတပ်က သူတို့ကို စစ်ဆေးတယ်။ သွားခွင့်မပေးတဲ့အတွက် သူတို့နေ့လည် တနာရီမှာလှည့်လာတယ်ဆိုတာကိုတော့ ကျမကိုအကြောင်းကြားပါတယ်။ ကျမကလည်း ICRC ဖက်ကို ဖုန်းဆက်တဲ့အခါကြတော့ သူတို့ဖက်ကလည်း ဘာကြောင့်မသွားရဘူးဆိုတာ တိတိကျကျမသိရပါဘူးလို့ပြောပါတယ်။

ကိုဝင်းမင်း ။. ။ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကိုမေးခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ ကလည်း

ဦးစံကျော်လှ.(ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ) ။. ။ မနေ့က ကျနော်နယ်လုံဝန်ကြီး ဆီကိုဖုန်းဆက်ပြီးမေးပါတယ်။ သူပြောတာက အဲဒီနေရာဟာ မူလပိတ်ထားတဲ့နေရာ။ အဲဒီနေရာမှာပဲ ၂ ဖက် ဟိုဘက်ဒီဘက်က ရင်ဆိုင်ရှိနေတယ်လို့ နယ်လုံဝန်ကြီးက ပြောတာပဲ။ AA ရော တပ်မတော်ရော ၂ ဘက်ရင်ဆိုင်ရှိတဲ့နေရာ။ အစိုးရအဖွဲ့က ဒါကိုသတိမထားပဲနဲ့ခွင့်ပြုလိုက်တယ်။ အဲဒါကိုနယ်လုံဝန်ကြီးကလည်း သတိမထားပဲ ခွင့်ပြုလိုက်တယ်။ အဲလိုဖြစ်သွားတယ်။

ဦးဝင်းမင်း ။. ။ ရိက္ခာတွေမရလိုက်တဲ့အတွက် ရွာသားတွေခက်ခဲလာတဲ့အခြေအနေတွေကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ပု့ က

ဦးမောင်ပု (ဆင်ခုံးတိုင်ရွာ အုပ်ချုပ်ရေးမှူး)။ . ။ ကျနော်တို့ရိက္ခာမရတာက ခြောက်လလောက်ရှိသွားပြီ။ ပထမတခါမှာလည်း အခက်ခဲဖြစ်သွားတယ်။ လက်လုပ်လက်စားတွေအတွက်ပိုပြီးခက်ခဲသွားတယ်။ ကိုယ်ရပ်ဒေသမှာလည်း အလုပ်အကိုင်မရှိဘူး။ မြစ်တွေမှာပိုက်ချတဲ့သူတွေရှိတယ်။ သူတို့အတွက်လည်း အပြင်ကိုထွက်လို့မရဘူး။ သူတို့အတွက်ပုံလည်း ပုံမှန်မလုပ်ရဘူး ။

ကိုဝင်းမင်း ။. ။ ဒီရွာရဲ့မွတ်ဆလင်အပိုင်းတာဝန်ခံ ဦးမောင်မောင်အေး ကလည်း အခြေအနေဆိုးလာပုံကို

ဦးမောင်မောင်အေး ။. ။ အဓိက ရိက္ခာမရတာ ကျနော်တို့ပြည်နယ်က တော်တော်လေးဆိုးလာပါတယ်။ ကိုဗစ်နိုင်တင်း ကြောင့် ရွာသူရွာသားတွေ တရွာနဲ့တရွာသွားလို့မရဘူး။ စားနပ်ရိက္ခာမရှိဘူးဆိုရင် ဘာတွေကို စားလို့ရမလဲ ။ တော်တော်ဒုက္ခရောက်တာနဲ့ကြုံတွေ့ရတာပါ။

ကိုဝင်းမင်း ။. ။ အခုလို ခရစ်စမတ်နှစ်သစ်ကူးကာလမှာ ရိက္ခာခက်ခဲနေတာကြောင့် အများလိုမပျော်နိုင်သူတွေအတွက် ဘယ်လိုဖြေရှင်းပေးသင့်သလဲမေးရာမှာ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ က

ဦးစံကျော်လှ (ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ) ။. ။ ဒီနေရာတွေဟာ တကယ်တန်းအခက်အခဲရှိတဲ့နေရာပေးသင့်တယ်။ သို့သော် အစိုးရဖက်ကလည်း ဒီရိက္ခာတွေဟာ AA ဖက်ကိုရောက်သွားမလားဆိုတာ သူတို့ကစိုးရိမ်နေတယ်။ သိုသော်ဘာပဲပြောပြော ရောက်နိုင်တဲ့နည်းလမ်းနဲ့ပို့ဖို့လိုတယ်။ နယ်လုံဝန်ကြီးကတော့ ခင်ဗျားတို့ကိုယ်တိုင်မပေးပဲ ရသေ့တောင်ဖက်ကတဆင့် ပေးပါလို့ပြောပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အနေအထားက တဖက်နဲ့တဖက် အတော်လေး သဟဇာတဖြစ်တဲ့အတွက် နိုင်ငံတကာအလှူရှင်တွေပေးလိုက်တဲ့ပစ္စည်းတွေကို သက်ဆိုင်တဲ့နေရာရောက်ဖို့အတွက် အစိုးရဖက်ကလည်း ပူးပေါင်းပါဝင်ဖို့လိုပါတယ်။

ကိုဝင်းမင်း ။. ။ တကယ်တော့ အောက်တိုဘာလကုန်ပိုင်းကလည်း အခုလို ICRC က ရိက္ခာပို့ဖို့သွားတဲ့ အငှားလှေတစီးကို ရေတပ်ကပစ်ခတ်ခဲ့တဲ့အတွက် မီးလောင်ခဲ့ပါတယ်။

https://burmese.voanews.com/a/icrc-boat-which-was-carried-food-for-local-villages-was-returned-by-navy/5712372.html

No comments:

Post a Comment