Tuesday, December 22, 2020

ICRC ရိကၡာမ်ားတင္ေဆာင္လာသည့္ကုန္တင္စက္ေလွ ေရတပ္ကခြင့္မျပဳ၍ ရေသ့ေတာင္အနီးမွစစ္ေတြသို႔လွည့္ျပန္ခဲ့ရဟုဆို

 ICRC ရိကၡာမ်ားတင္ေဆာင္လာသည့္ကုန္တင္စက္ေလွ ေရတပ္ကခြင့္မျပဳ၍ ရေသ့ေတာင္အနီးမွစစ္ေတြသို႔လွည့္ျပန္ခဲ့ရဟုဆို

ခိုင္လူလွ (ရိုးမေျမ)

နိရဥၥရာ၊ ဒီဇင္ဘာ ၂၃/၂ဝ၂ဝ

ယေန႔နံနက္က ရေသ့ေတာင္ၿမိဳ႕နယ္ ေျမာက္ပိုင္းမွ ေက်းရြာ (၈) ရြာသို႔ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီ ေကာ္မတီ (ICRC) မွ ေထာက္ပံ့သည့္  ရိကၡာမ်ားကို တင္ေဆာင္လာသည့္ အငွားကုန္တင္ စက္ေလွကို ေမယုျမစ္ထဲရွိေရတပ္မွ သြားခြင့္မျပဳသျဖင့္ စစ္ေတြသို႔ ျပန္လွည့္လာခဲ့ရသည္ဟု သတင္းရရွိသည္။

အဆိုပါ ကိစၥႏွင့္ပတ္သက္ၿပီး ရေသ့ေတာင္ၿမိဳ႕နယ္၊ အုတ္ေဖာ္(အိုးေဖာက္) အုပ္ခ်ဳပ္ေရးမႉးသို႔ ဆက္သြယ္ရာ ၎ ICRC မွ ကုန္ပစၥည္းတင္လာေသာ စက္ေလွကို ေရတပ္စစ္ေရယာဥ္ (ဇက္)မွ သြားလာခြင့္မျပဳ၍ ျပန္လွည့္သြားရသည္ဟု ၾကားသိရေၾကာင္း ေျပာၾကားသည္။

“ ဒီေန႔ ရိကၡာေတြ ေရာက္မယ္လို႔ ICRC က နယ္တာဝန္ရွိသူေတြက အေၾကာင္းၾကားထားတဲ့ အတြက္ ေစာင့္ေနပါတယ္။ အခုၾကားတာက ဇက္ေရယာဥ္က သြားခြင့္မျပဳလို႔ မလာရဘူးလို႔ ၾကားပါတယ္။ ရေသ့ေတာင္အနီးက ျမစ္ထဲမွာရွိေနတဲ့ ေရတပ္ဇက္ေရယာဥ္က သြားခြင့္မျပဳလို႔ၾကားရပါတယ္” ဟု အုပ္ခ်ဳပ္ေရးမႉးက ေျပာဆိုသည္။

ယခုရိကၡာမ်ားမွာ ေအာက္တိုဘာလအတြင္းက ျဖစ္ပြားခဲ့သည့္ ဘုတ္သမား တစ္ဦးေသဆုံးၿပီး ႏွစ္ဦးဒဏ္ရာ ရရွိခဲ့သည့္ ICRC စက္ေလွမီးေလာင္ခဲ့သည့္ ျဖစ္စဥ္ ျဖစ္ပြားၿပီးေနာက္ ပထမဆုံး အႀကိမ္ ရိကၡာမ်ားျပန္လည္ ပို႔ေဆာင္သည့္ စက္ေလွဟု သိရသည္။

၎ရိကၡာမ်ားမွာ စစ္ေဘးေရွာင္မ်ားအတြက္ မဟုတ္ဘဲ ၂ဝ၁၈ ခုႏွစ္ကပင္ စားေရးေသာက္ေရး အခက္အခဲရွိေနၾကသည့္ ရခိုင္ႏွင့္ မူဆလင္ ေက်းရြာ (၈) ရြာျဖစ္ၾကသည့္ အုတ္ေဖာ္၊ ရြာသစ္၊ ရြာေဟာင္း၊ ကန္ဆိပ္၊ အာကာေတာင္၊ ရကၡဴဒိုင္၊ ဆင္ခုံးတိုင္ႏွင့္ လြန္းေတာင္ေက်းရြာမ်ားအတြက္ ေထာက္ပံ့သည့္ ရိကၡာမ်ားဟု သိရသည္။

ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝက “ အခု ေဒသခံေတြ သတင္းပို႔တာက သြားခြင့္မေပးတဲ့အတြက္ အဲဒီ ICRC ရိကၡာေတြကို တင္လာတဲ့ စက္ေလွက ေန႔ခင္းကတည္းက စစ္ေတြကို ျပန္ေရာက္သြားၿပီလို႔သိရတယ္။ ရေသ့ေတာင္အလြန္ ေမယုျမစ္ထဲမွာရွိတဲ့ စစ္ေရယာဥ္က ျဖတ္ခြင့္ မေပးဘူးလို႔ သိရပါတယ္” ဟု ေျပာၾကားသည္။

၎စက္ေလွတြင္ ရခိုင္ျပည္နယ္ နယ္လုံဝန္ႀကီးေထာက္ခံခ်က္၊ သက္ဆိုင္ရာ ျပည္နယ္၊ ခရိုင္၊ ၿမိဳ႕နယ္အဆင့္ တာဝန္ရွိသူေတြရဲ့ ေထာက္ခံခ်က္မ်ား ပါသည္ဟု သိရွိရေၾကာင္း၊ မည္သည့္အတြက္ ခြင့္မျပဳသည္ကို တိတိက်က် မသိရွိရေသးေၾကာင္း ၎က ေျပာၾကားသည္။

အဆိုပါ စက္ေလွသည္ ယမန္ေန႔ ဒီဇင္ဘာ ၂၂ ရက္ေန႔က စစ္ေတြမွ ထြက္ခြာလာၿပီး ရေသ့ေတာင္ ဆိပ္ကမ္းတြင္ ညအိပ္ရပ္နားက ယေန႔နံနက္ ၇ နာရီခန္႔က အဆိုပါ ေက်းရြာမ်ားသို ရိကၡာပို႔ေဆာင္ရန္ ေမယုျမစ္အတိုင္း ထြက္ခြာလာစဥ္ ရေသ့ေတာင္ၿမိဳ႕အလြန္တြင္ စစ္ေရယာဥ္က တားၿပီး သြားလာခြင့္ မျပဳဟု သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္ၿပီး ရခိုင္ျပည္နယ္ လုံျခဳံေရးႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီး ဗိုလ္မႉးႀကီးမင္းသန္းသို႔ ယေန႔ ညေနပိုင္းက ဖုန္းျဖင့္ဆက္သြယ္ရာ လက္ခံေျဖဆိုျခင္း မရွိပါ။

ICRC စစ္ေတြ႐ုံးသို႔ ဆက္သြယ္ရာတြင္လည္း ဖုန္းလက္ခံ ေျဖဆိုျခင္း မရွိေသးပါ။

ယခုအခါ ၎ရိကၡာပို႔ေဆာင္သည့္ စက္ေလွမွာ စစ္ေတြဆိပ္ကမ္းသို႔ ျပန္လည္ ေရာက္ရွိေနၿပီဟု သတင္း ရရွိသည္။

ယခုႏွစ္ ေအာက္တိုဘာ ၂၈ ရက္ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း ေမယုျမစ္ထဲမွာ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ (ICRC) ရိကၡာေတြ တင္ေဆာင္လာတဲ့ စက္ေလွတစ္စီး ပစ္ခတ္ခံရသည့္ အတြက္ အရပ္သားတစ္ဦး ေသဆုံးၿပီး၊ ႏွစ္ဦး အျပင္းအထန္ ဒဏ္ရာ ရခဲ့ကာ စက္ေလွမွာ မီးေလာင္သြားခဲ့သည္။

ေသဆုံးသူမွာ အသက္ ၂ဝ အရြယ္ ကိုေမာင္ေခ်ျဖစ္ၿပီး၊ ဒဏ္ရာရသူ ႏွစ္ဦးမွာ အသက္ ၃၄ ႏွစ္အရြယ္ ဦးေမာင္သန္းေဝႏွင့္ အသက္ ၅ဝ အရြယ္ ဦးလွဝင္းေမာင္တို႔ ျဖစ္ၾကသည္။

(ဓာတ္ပုံ- ၂ဝ၂ဝ ခုႏွစ္ ေအာက္တိုဘာ ၂၈ ရက္ေန႔က ICRC ရိကၡာအငွားတင္ စက္ေလွ ေမယုျမစ္ထဲ တိုက္ခိုက္ခံရၿပီးေနာက္ မီးေလာင္ေနသည္ကို ေတြ႕ရစဥ္)

------------------------------

Unicode -

ICRC ရိက္ခာများတင်ဆောင်လာသည့်ကုန်တင်စက်လှေ ရေတပ်ကခွင့်မပြု၍ ရသေ့တောင်အနီးမှစစ်တွေသို့လှည့်ပြန်ခဲ့ရဟုဆို

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဒီဇင်ဘာ ၂၃/၂ဝ၂ဝ

ယနေ့နံနက်က ရသေ့တောင်မြို့နယ် မြောက်ပိုင်းမှ ကျေးရွာ (၈) ရွာသို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC) မှ ထောက်ပံ့သည့်  ရိက္ခာများကို တင်ဆောင်လာသည့် အငှားကုန်တင် စက်လှေကို မေယုမြစ်ထဲရှိရေတပ်မှ သွားခွင့်မပြုသဖြင့် စစ်တွေသို့ ပြန်လှည့်လာခဲ့ရသည်ဟု သတင်းရရှိသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ်၊ အုတ်ဖော်(အိုးဖောက်) အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ၎င်း ICRC မှ ကုန်ပစ္စည်းတင်လာသော စက်လှေကို ရေတပ်စစ်ရေယာဉ် (ဇက်)မှ သွားလာခွင့်မပြု၍ ပြန်လှည့်သွားရသည်ဟု ကြားသိရကြောင်း ပြောကြားသည်။

“ ဒီနေ့ ရိက္ခာတွေ ရောက်မယ်လို့ ICRC က နယ်တာဝန်ရှိသူတွေက အကြောင်းကြားထားတဲ့ အတွက် စောင့်နေပါတယ်။ အခုကြားတာက ဇက်ရေယာဉ်က သွားခွင့်မပြုလို့ မလာရဘူးလို့ ကြားပါတယ်။ ရသေ့တောင်အနီးက မြစ်ထဲမှာရှိနေတဲ့ ရေတပ်ဇက်ရေယာဉ်က သွားခွင့်မပြုလို့ကြားရပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

ယခုရိက္ခာများမှာ အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ဘုတ်သမား တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့သည့် ICRC စက်လှေမီးလောင်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ပထမဆုံး အကြိမ် ရိက္ခာများပြန်လည် ပို့ဆောင်သည့် စက်လှေဟု သိရသည်။

၎င်းရိက္ခာများမှာ စစ်ဘေးရှောင်များအတွက် မဟုတ်ဘဲ ၂ဝ၁၈ ခုနှစ်ကပင် စားရေးသောက်ရေး အခက်အခဲရှိနေကြသည့် ရခိုင်နှင့် မူဆလင် ကျေးရွာ (၈) ရွာဖြစ်ကြသည့် အုတ်ဖော်၊ ရွာသစ်၊ ရွာဟောင်း၊ ကန်ဆိပ်၊ အာကာတောင်၊ ရက္ခူဒိုင်၊ ဆင်ခုံးတိုင်နှင့် လွန်းတောင်ကျေးရွာများအတွက် ထောက်ပံ့သည့် ရိက္ခာများဟု သိရသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ အခု ဒေသခံတွေ သတင်းပို့တာက သွားခွင့်မပေးတဲ့အတွက် အဲဒီ ICRC ရိက္ခာတွေကို တင်လာတဲ့ စက်လှေက နေ့ခင်းကတည်းက စစ်တွေကို ပြန်ရောက်သွားပြီလို့သိရတယ်။ ရသေ့တောင်အလွန် မေယုမြစ်ထဲမှာရှိတဲ့ စစ်ရေယာဉ်က ဖြတ်ခွင့် မပေးဘူးလို့ သိရပါတယ်” ဟု ပြောကြားသည်။

၎င်းစက်လှေတွင် ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးထောက်ခံချက်၊ သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူတွေရဲ့ ထောက်ခံချက်များ ပါသည်ဟု သိရှိရကြောင်း၊ မည်သည့်အတွက် ခွင့်မပြုသည်ကို တိတိကျကျ မသိရှိရသေးကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ စက်လှေသည် ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက်နေ့က စစ်တွေမှ ထွက်ခွာလာပြီး ရသေ့တောင် ဆိပ်ကမ်းတွင် ညအိပ်ရပ်နားက ယနေ့နံနက် ၇ နာရီခန့်က အဆိုပါ ကျေးရွာများသို ရိက္ခာပို့ဆောင်ရန် မေယုမြစ်အတိုင်း ထွက်ခွာလာစဉ် ရသေ့တောင်မြို့အလွန်တွင် စစ်ရေယာဉ်က တားပြီး သွားလာခွင့် မပြုဟု သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းသို့ ယနေ့ ညနေပိုင်းက ဖုန်းဖြင့်ဆက်သွယ်ရာ လက်ခံဖြေဆိုခြင်း မရှိပါ။

ICRC စစ်တွေရုံးသို့ ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

ယခုအခါ ၎င်းရိက္ခာပို့ဆောင်သည့် စက်လှေမှာ စစ်တွေဆိပ်ကမ်းသို့ ပြန်လည် ရောက်ရှိနေပြီဟု သတင်း ရရှိသည်။

ယခုနှစ် အောက်တိုဘာ ၂၈ ရက်ကလည်း ရသေ့တောင်မြို့နယ်အတွင်း မေယုမြစ်ထဲမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရိက္ခာတွေ တင်ဆောင်လာတဲ့ စက်လှေတစ်စီး ပစ်ခတ်ခံရသည့် အတွက် အရပ်သားတစ်ဦး သေဆုံးပြီး၊ နှစ်ဦး အပြင်းအထန် ဒဏ်ရာ ရခဲ့ကာ စက်လှေမှာ မီးလောင်သွားခဲ့သည်။

သေဆုံးသူမှာ အသက် ၂ဝ အရွယ် ကိုမောင်ချေဖြစ်ပြီး၊ ဒဏ်ရာရသူ နှစ်ဦးမှာ အသက် ၃၄ နှစ်အရွယ် ဦးမောင်သန်းဝေနှင့် အသက် ၅ဝ အရွယ် ဦးလှဝင်းမောင်တို့ ဖြစ်ကြသည်။

(ဓာတ်ပုံ- ၂ဝ၂ဝ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့က ICRC ရိက္ခာအငှားတင် စက်လှေ မေယုမြစ်ထဲ တိုက်ခိုက်ခံရပြီးနောက် မီးလောင်နေသည်ကို တွေ့ရစဉ်)

https://burmese.narinjara.com/.../5fe339083f8935047dbb7956

https://www.facebook.com/narinjara.info/posts/3898677286810986

No comments:

Post a Comment