(CSSU ရဲ့ပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်နှင့်ဆက်သွယ်မေးမြန်းခန်း)
မေး ။ ။ ဒီတစ်ခေါက် CSSU အစည်းအဝေး ရဲ့ထူးခြားချက်ကဘာဖြစ်မလဲ ။
ဖြေ ။ ။ မတွေ့တာကြာတဲ့ သျှမ်းထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံတာပေါ့ ။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲ အခြေအနေတွေ အစိုးရအပြောင်းအလဲဖြစ် မယ် ၊ တပ်မတော်ထဲမှာတောင်မှ ကာချုပ်တွေ အပြောင်းအလဲဖြစ်နိုင်တဲ့ ဒီလို အချိန်မှာ တွေ့ဆုံကြတာဆိုတော့ ကောင်းတဲ့ ထူးခြားချက် လို့ပြောလို့ရပါတယ် ။
မေး ။ ။ အရင်က လုပ်ခဲ့တဲ့ အစည်းအဝေးနဲ့ ဒီတစ်ခေါက်လုပ်တဲ့ အစည်း အဝေး ဘာတွေကွာခြားသွားလဲ ။
ဖြေ ။ ။ ဒီတစ်ခေါက်ကတော့ online ပေါ်မှာတွေ့ကြတော့ သူတို့တားလို့မ ရဘူးပေါ့ ။ ခါတိုင်းကတော့ ၂၀၁၆ လောက်ကတည်းက လုပ်ဖြစ်တယ် ရန်ကုန်မှာ တွေ့တယ် အစိုးရပေးမလုပ်တာပေါ့။ တိုက်ရိုက် ပြောတာတော့ မဟုတ်ပေမဲ့ လုပ်မယ့် ဟိုတယ်ကို သွားပြီးဖိအား ပေးတာပေါ့ ။ နောက်ပိုင်းတောင်ကြီးမှာ လုပ်မယ်ဆိုရင်လဲ ဟိုတယ်တွေကိုလက်မခံဖို့ပြောထားတာ တွေရှိတယ် အစိုးရက ။ ထိုင်းအထိသွားလုပ် တာတောင် ထိုင်းအစိုးရကို ဖိအားပေးတာတို့ရှိတယ်။ အခုက လိုင်းပေါ်မှာလုပ်တော့ သူတို့တားလို့မရပါဘူး ။ ကျနော်တို့စီမံခဲ့နိုင်တယ်ပေါ့ လူကြီးတွေ တွေ့ဆုံရဖို့ ။ ဒီနှစ် ၂၀၂၀ ထဲမှာ အစည်းဝေးကြီးဆိုတော့ ဒါဒုတိယ အကြိမ်ရှိပြီပေါ့။ မတ်လ မှာတုန်းက တစ်ကြိမ်လုပ်နိုင်ခဲ့တယ် ။ ဒါပေမဲ့ အဲ့ဒီတုန်းက တကယ့် ထိပ်သီးခေါင်းဆောင်တွေမပါဘူးပေါ့လေ ။ ဒီတစ်ခေါက်က အထူးအစည်းအဝေးမှာ အွန်လိုင်း ကနေဆိုပေမဲ့ SSJAC ရဲ့ ဥက္ကဌ စဝ်ခွန်ထွန်းဦး နဲ့ ဒုဥက္ကဌ စဝ်ဆေထင် တို့တက်ကြတယ် ။ RCSS ဖက်မှာလဲ ဗိုလ်ချုပ်ကြီးယွက်ဆစ် ကိုယ်တိုင်တက်တယ်လေ ။ ဆိုတော့ ထိပ်သီး ခေါင်းဆောင်တွေက စကားပြောလို့ရတယ်ဆိုတော့ ကောင်းတဲ့ အခင်းအကျင်း လို့ပြောလို့ရတယ် ။
မေး ။ ။ အစည်းဝေးက သျှမ်းထိပ်သီးခေါင်းဆောင်တွေလဲ စုံညီစွာ ပါဝင်တယ် ဆိုတော့ ဘာတွေ အဓိကထားဆွေးနွေးဖြစ်ကြလဲ ။
ဖြေ ။ ။ CSSU မှာ က နိုင်ငံရေးပါတီပါတယ် CSO တွေပါတယ် တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေပါတယ် ဆိုတော့ ကျနော်တို့သွားချင်တဲ့ ခရီးလမ်းမှာ အားလုံးပါဝင်အောင် အားလုံးအတူတကွ ဘယ်လိုလျှောက်မလဲဆိုတဲ့ အပေါ်မှာ စုပေါင်းခေါင်းဆောင်မှု ပုံစံကို ကျနော်တို့ ပိုပြီး တော့ ဦးစားပေးပြီး ဘယ်လိုပူးပေါင်းအကောင်အထည်ဖော်မယ်ဆိုတဲ့ အပိုင်း ပိုဆွေးနွေးတာ များပါတယ် ။
မေး ။ ။ လက်ရှိအာဏာရအစိုးရနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ အချက်တွေရှိလား ။ အစိုးရနဲ့ဘယ်လို ကိစ္စကိုတော့ ပူးပေါင်းသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချဖြစ်လား ။
ဖြေ ။ ။ အဲ့ဒီအပေါ်မှာ အဓိက ဆွေးနွေးတဲ့ အစည်းအဝေး မဟုတ်ဘူး။ နောက်ပြီး ပူးပေါင်းခြင်းမပူးပေါင်းခြင်းက အစိုးရနဲ့ပိုသက်ဆိုင်ပါတယ်။ သူတို့ဘယ်လို ကမ်းလှမ်းလာ မလဲ ဘယ်လိုစဉ်းစား စီစဉ်မလဲဆိုတာ ကျနော်တို့ ဘာမှမသိရသေးဘူး ။ မသိရသေးတဲ့ အတွက် ကျနော်တို့ဆွေးနွေးစရာမရှိပါဘူး ။
မေး ။ ။ ဒီအစည်းအဝေးမှာ သျှမ်းခေါင်းဆောင်တွေ ရဲ့ ဘုံ သဘော တူညီချက်တွေ ထွက်လာလား ။
ဖြေ ။ ။ သဘောတူညီချက်ကြီးကြီးမားမား ချမှတ်တာတော့ မရှိပါဘူး ။ ခေါင်းဆောင်တွေ တွေ့ဆုံပြီး အချင်းချင်းတွေ သုံးသပ်နိုင်တယ် စစ်ရေး ၊ နိုင်ငံရေး တွေ အကုန်လုံးပေါ့ ဗျာ စီးပွားရေးပိုင်းဆိုင်ရာ စီမံကိန်းတွေ အကုန်လုံးပေါ့ ။ အနိမ့် ဆုံးအဆင့် အားဖြင့်တော့ ကိုယ့် အချင်းချင်းကြားထဲမှာ ပဋိပက္ခတွေ လျော့ချနိုင်ရေး အဲ့ဒီအပိုင်းကို ဆွေးနွေး ဖြစ်ပါတယ် ။
မေး ။ ။ CSSU ရဲ့ရှေ့လုပ်ငန်းစဉ်တွေ နဲ့ သဘောထားက ဘာတွေ ရှိမလဲ ။
ဖြေ ။ ။ အစကတည်းက ကျနော်တို့ ဒီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ဖို့ မူ ရှိတယ် ။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ မူရေးဆွဲဖို့ အဲ့တာတွေ တော့ ရှိပါတယ် ။ အဲ့ဒီလုပ် ငန်းတွေတော့ ဆက်လုပ်ရ မယ်ပေါ့ဗျာ ၊ နောက်ပြီးတော့ ညီညွှတ်ရေးဆိုတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့သျှမ်း အမျိုးသား အင်အားစု တစ်စုတည်းတင် မကဘူး တစ်ခြားသျှမ်းပြည်မှာ ရှိတဲ့ တိုင်းရင်းသား အင်အားစုတွေ ပြည်ထောင်စုတစ်ခုလုံးမှာရှိတဲ့ အဖွဲ့အစည်းတွေ တိုင်းရင်းသားအင်အားစုတွေ တစ်ဆင့် ပြီး တစ်ဆင့်တော့ လုပ်ရမယ်ပေါ့ ။ CSO တွေ နိုင်ငံရေးပါတီတွေ တိုင်းရင်းသား လက်နက် ကိုင် တွေတစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်သွားဖို့ရှိပါတယ် ။
ဟုတ်ကဲ့ – ကျေးဇူးတင်ပါတယ်။
ဦးတည်ချက်များ၊ ရည်မှန်းချက်များ ရောက်ရှိအောင်မြင်နိုင်ရေးလုပ်ငန်းကိစ္စ များ ဆောင်ရွက်ရာတွင် သျှမ်းအမျိုးသားအင်အားစုများအကြား စည်းလုံးညီညွတ်ရေး၊ သျှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားအင် အားစု များအကြား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားများ အကြား စည်းလုံးညွတ်ညွတ်ရေးတို့ကို အဓိ ကထား ဦးတည်ဆောင်ရွက်သွားကြရမည့် အပြင် စုပေါင်းအင်အား၊ စုပေါင်းဦးဆောင် မှု၊ စုပေါင်း အကောင်အထည်ဖော်ခြင်းတို့ဖြင့် ဆောင်ရွက်သွားရန် CSSU ခေါင်းဆောင် များက လမ်းညွှန်မှုပေးခဲ့ကြောင်း- CSSU က ကြေညာချက်တစောင်ထုတ်ပြန်လိုက်ပါတယ်။
https://burmese.shannews.org/archives/19996
No comments:
Post a Comment