ကွတ်ခိုင်မြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်းတွေကို နေရာပြောင်းရွှေ့သွားပါက စခန်းနေပြည်သူတွေ စားဝတ်နေရေး အတွက်အခက်ကြုံတွေ့နိုင်
ကွတ်ခိုင် | မားနဂါး ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ အမှတ်(၅) ရပ်ကွက်ရှိ KBC တိုက်ပွဲရှောင်စခန်း(၁)ရှိ အိမ်ထောင်စုတွေကို ပြောင်းရွေ့နေရာချထားရေးပြုလုပ်မယ်ဆိုပါက စခန်းနေပြည်သူတွေအတွက် စားဝတ်နေရေးနဲ့ အလုပ်အကိုင် အတွက်အခက်တွေ့နိုင်တယ်လို့ စခန်းမှစားရင်းကိုင်ဖြစ်သူ ဒေါ်ချောင်းညွယ်က ဒီကနေ့ ဒီဇင်ဘာလ ၂၁ရက်နေ့မှာ မားနဂါးသတင်းဌာနကိုပြောပါတယ်။
KBC တိုက်ပွဲရှောင်စခန်း(၁)ဟာ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်ကတည်းက ၈နှစ်တိုင်တိုင် နေထိုင်လာခဲ့ကြပြီး နေထိုင် လုပ် ကိုင်စားသောက်ဖို့လည်း အဆင်ပြေနေပြီးဖြစ်ပြီး နောက်ထပ်နေရာအသစ်ပြန်လည်ရွှေ့ ပြောင်းဖို့အတွက် အခက် ကြုံတွေ့နိုင်တယ်လို့ သိရပါတယ်။
စခန်းနေပြည်သူတွေကို ဝိုင်းဝန်းကူညီပေစေလိုကြောင်းကို စခန်းမှစာရင်းကိုင် ဒေါ်ချောင်းညွယ်က
“ ကျမတို့စခန်းနေပြည်သူတွေအားလုံး အခုချိန်မှာအတော်လေးစိတ်ရှုပ်ထွေးမှုတွေနဲ့ကြုံတွေ့နေရတယ်။ မိမိဒေသကိုလည်းမပြန်နိုင်ဘူး။ ကျမတို့ပြောင်းရွှေ့ရမယ့်နေရာကိုလည်းအတိအကျမသိရသေးဘူး။ ကျမတို့ ဘယ်နေရာကိုရောက်ရောက် ရောက်နေတဲ့နေရာမှာကျမတို့ကို အချင်းချင်းကြားကနေ ဝိုင်း ဝန်းကူညီပေး စေချင်တယ်။ နာလည်မှုတွေရှိပေးကြပါလို့ပြောချင်တယ်။ ”လို့ မားနဂါးသတင်းဌာနကိုပြောပါတယ် ။
အဆိုပါ တိုက်ပွဲရှောင်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၁၂ကတည်းက တိုက်ပွဲဋိပက္ခတွေကြောင့် ကွက်ခိုင်မြို့နယ်က ကျေးရွာ ၉ရွာမှ လာရောက်တိမ်းရှောင်ကြတာဖြစ်ပြီး မိမိတို့ကျေးရွာဟောင်းကိုပြန်ရင်လည်း ကောင်းမွန်စွာ လုပ်ကိုင်စား သောက်ဖို့က အဆင်မပြေနိုင်ဘူးလို့ သူကဆက်ပြောခဲ့ပါတယ်။
ကွတ်ခိုင်မြို့ပေါ်မှာရှိတဲ့ အမှတ်(၅)ရပ်ကွက် KBC တိုက်ပွဲရှောင်စခန်း (၁) အိမ်ထောင်စု(၅၂)စုအနက် အိမ် ထောင်စု(၄၀)စုကို ကွက်ခိုင်မြို့ ခိုလုံကျေးရွာသို့လည်းကောင်း၊ အိမ်ထောင်စု (၁၂)စုကို အင်မိန်းဟိုကျန့် ကျေးရွာကို ပြောင်းရွှေ့အချေချစေမှာဖြစ်ပြီး အမှတ်(၆)ရပ်ကွက်ရှိ KBC တိုက်ပွဲရှောင် စခန်း(၂)ကိုတော့ အိမ်ထောင်စု(၃၈)အနက် အိမ်ထောင်စု(၁၂)စုကို ကောင်းလိမ်ကျေး ရွာသို့လည်းကောင်း၊ အိမ်ထောင်စု(၂၆)စု ကိုတော့ မန်လုံကျေးရွာသို့ရွှေ့ပြောင်းအချေချနေထိုင်သွားစေမယ်လို့ ဒီဇင်ဘာလ ၁ရရက်နေ့မှာ မြို့နယ် ပြည်ထောင်စုခန်းမမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြန်လည်နေရာချထားဖို့အတွက် ညှိနှိုင်းဆွေးနွေး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4112308098798384?__xts__%5B0%5D=68.ARD5s_FQBOGhgjH3aSa1Eo9sqRMY7MVtPJwaVXMYCsSi1JI7j5NqAk2HdX5Ub0g1Vn9hoQKPFivqSxrQ8LRIyIlGFmntwx5EWho-IXnDqIF72qteY--6OvnZnLPApKa5dVXArpFYmwtjK-4SGmSFxmmW0XxMbofpZ7oBxDlBb6paEQBOfJ8iWGKAGI6Iw-e1mMR8OXcA0O0Rn5aDdA6YR18X6vJ_KItirB9J4m2FJUGTQOh90UCV9aQYH-9R0yD92dFLGhxvuhH1-mgoqjT3ujWyK9_lTTtds8o9RIWdQJEePE7Pi1-raAM_UK73INrSilmSn0pDwQcxcFFX7YeqBR8mLg&__tn__=-R
No comments:
Post a Comment