Tuesday, December 22, 2020

“၀” အထူးဒေသအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများက COVID-19 ကာကွယ်ရေးအတွက် အစားအသောက်၊ ဆေးဝါးနှင့် ပစ္စည်းများလှူဒါန်း

 “၀” အထူးဒေသအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများက COVID-19 ကာကွယ်ရေးအတွက် အစားအသောက်၊ ဆေးဝါးနှင့် ပစ္စည်းများလှူဒါန်း

PUBLISHED 23 DECEMBER 2020

 ‘‘၀’’ အထူးဒေသအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများက COVID-19 ကာကွယ်ရေးအတွက် အစားအသောက်၊ ဆေးဝါးနှင့် ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောကြားသည်။

 ‘‘ယူနန်ပြည်နယ်အစိုးရနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ လှူဒါန်းတာပါ၊ ဆေးဝါးပစ္စည်းနဲ့ စားသောက်ကုန်တွေ လှူဒါန်းတာ၊ ပြီးတော့ Quarantine မှာ အသုံးပြုနေတဲ့ ပစ္စည်းတွေ၊ နောက်ပြီးတော့ ကျန်းမာရေး ဝန်ထမ်းတွေလည်း လာကူညီတယ်လို့ ကြားထားတယ်။ တရုတ်နိုင်ငံက ကျန်းမာရေး ဝန်ထမ်းတွေ လာကူညီတယ်လို့ ကြားတယ်’’ ဟု ဦးညီရန်းက ပြောကြားသည်။

ဒီဇင်ဘာလတွင် မိုင်းလားဒေသ၌ COVID-19 ကူးစက်ခံရသူ ရှိလာသည့် အတွက် ၀ ပြည်နယ် တစ်ခုလုံးတွင် အဝင်အထွက်အားလုံး ပိတ်ထားကြောင်း ဦးညီရန်းက ပြောကြားသည်။

‘‘အခု တစ်ပြည်နယ်လုံးနီးပါးပါပဲ။ မြို့နယ်ခရိုင်အားလုံးကို အသွားအလာ ကန့်သတ်ထားပါတယ်။ တစ်ပတ်ဝန်းကျင်လောက်ရှိပြီ’’ ဟု UWSA လားရှိုး ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောကြားသည်။

ဒီဇင်ဘာ ၁၁ ရက်က တရုတ်နိုင်ငံ ဟူပေပြည်နယ် ပြည်သူ့အစိုးရက မြန်မာနိုင်ငံ အစိုးရထံသို့ COVID-19 ကပ်ရောဂါ ကာကွယ်ရေး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း တရုတ်ဟူပေပြည်နယ် ပြည်သူ့အစိုးရက မြန်မာနိုင်ငံ အစိုးရထံ လှူဒါန်းပေးအပ်သော COVID-19 ကပ်ရောဂါ ကာကွယ်ရေး ပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ဟူပေပြည်နယ် အစိုးရကိုယ်စား မြန်မာနိုင်ငံထံ ယွမ်သိန်း ၂၀ တန်ဖိုးရှိ COVID-19 ကပ်ရောဂါ ကာကွယ်ရေး ပစ္စည်းများ လွှဲပြောင်း ပေးအပ်ခဲ့သည်။

အဆိုပါ ပစ္စည်းများတွင် တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ (PPE) အစုံ သုံးသောင်း၊ ကာကွယ်ရေးဝတ်စုံ အစုံသုံးသောင်း၊ နှာခေါင်းစည်း ၁၉၂၀၀၀ ခု စသည်တို့ ပါဝင်ကြောင်း သိရသည်။

https://news-eleven.com/article/200542

No comments:

Post a Comment