Tuesday, December 22, 2020

တူမီးသေနတ် သန့်ရှင်းရေးလုပ်ရင်း ကျည်ဆံပစ်ဖောက်မိတဲ့ လွယ်မော်တောင်းရွာခံတစ်ဦးကို ကချင်တပ်မတော်က ဖမ်းဆီးရိုက်နှက်

 တူမီးသေနတ် သန့်ရှင်းရေးလုပ်ရင်း ကျည်ဆံပစ်ဖောက်မိတဲ့ လွယ်မော်တောင်းရွာခံတစ်ဦးကို ကချင်တပ်မတော်က ဖမ်းဆီးရိုက်နှက်

https://www.shwepheemyay.com/node/166

လွေးနှင်းဖြူ၊ ရွှေဖီမြေ

ဒီဇင်ဘာ ၂၃ ရက်၊ မန်တုံ

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက် ညနေ ၆ နာရီက တူမီးသေနတ်ကို သန့်ရှင်းရေးလုပ်ပြီး ပြင်နေရင်း ကျည်ဆံပစ်ဖောက်မိခဲ့တဲ့ တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် နားမွန်ကျေးရွာအုပ်စု လွယ်မော်တောင်းရွာခံ အမျိုးသားတစ်ဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA)က ဖမ်းဆီးပြီး ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

လွယ်မော်တောင်းရွာခံ မိုင်းအောင်ရင် (၂၂ နှစ်)ဟာ တောထဲမှာ အမဲလိုက်ရင်း တူမီးသေနတ် ကျဉ်ဆံမထွက်တာကြောင့် အိမ်ပြန်လာပြီးတော့ သန့်ရှင်းရေးလုပ်ပြီး ပြင်နေစဥ် ကျဉ်ဆံထွက်သွားတာကြောင့် KIA မှ နော်လာ ဦးဆောင်တဲ့ တပ်ဖွဲ့ ၆ ဦးက လာရောက် ဖမ်းဆီးသွားတာပဲ ဖြစ်ပါတယ်။

မိုင်းအောင်ရင်ရဲ့ဖခင် ဦးစိုင်းဘွန်က “သစ်ခွပန်းခူးဖို့ တောထဲမှာ သွားရင်းနဲ့ တပ်ဘက်(KIA)က သေနတ်လာဆော့လို့ဆိုပြီး ခေါ်သွားပြီးမှရိုက်တာ။ ကျနော်တို့ အိမ်ရှေ့က လူတစ်ယောက် သူတို့ဆီ ဖုန်းဆက်ပြီးတော့ သားကို လာဖမ်းသွားခိုင်းတယ်” လို့ ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ရွှေဖီမြေကို ပြောပါတယ်။

ပါးစပ်၊ ခေါင်း၊ နှာခေါင်းနဲ့ မျက်နှာတွေမှာ ရိုက်နှက်ခံရပြီး မန်တုံမြို့နယ်မှာ ဆေးကုသမှု သွားရောက်ခံယူခဲ့ပြီးနောက် ဒဏ်ရာသက်သာလာပြီဖြစ်တယ်လို့ ဖခင်ဖြစ်သူ ဦးစိုင်းဘွန်က ပြောပါတယ်။

“ကျနော့်သားရဲ့ တူမီးသေနတ်ကတော့ သူတို့သိမ်းထားလိုက်ပြီ။ ဒီဇင်ဘာ ၁၇ ရက်က ဖမ်းသွားတယ်။ ကျနော် သွားရောက်တောင်းပန်တော့ ဒီဇင်ဘာ ၁၈ ရက်မှာ သူတို့ ပြန်လွှတ်လာပေးတယ်”

အဆိုပါ ရိုက်နှက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ KIA တပ်ဖွဲ့ရဲ့ ဒုဗိုလ်မှူးကြီး နော်ဘူကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

#ရိုက်နှက်ခံရ #ကျေးရွာခံ #လွယ်မော်တောင်း #မန်တုံ #KIA

#ဓာတ်ပုံ- Local

https://www.facebook.com/451214215694715/posts/865087704307362/


https://www.facebook.com/shwepheemyaynews/posts/865087704307362

No comments:

Post a Comment