Wednesday, December 30, 2020

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုများနှင့်စပ်လျဉ်း ၍ သုံးသပ်ချက်အစီရင်ခံစာ(မူကြမ်း)အပေါ် ကော်မတီဝင်များ၏ ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုများနှင့်စပ်လျဉ်း ၍ သုံးသပ်ချက်အစီရင်ခံစာ(မူကြမ်း)အပေါ် ကော်မတီဝင်များ၏ ညှိနှိုင်းအစည်းအဝေး ကျင်းပ


နေပြည်တော် ဒီဇင်ဘာ  ၃၁

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုများနှင့် စပ်လျဉ်း၍ သုံးသပ် ချက် အစီရင်ခံစာ(မူကြမ်း)အပေါ် ကော်မတီဝင်များ၏ညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ မွန်းလွဲ ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။

 အစည်းအဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင် ရွက်ရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ဝန်ကြီးဌာန ပြန်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ  အပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ()နှစ်တာကာလအတွင်း ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မစ္စတာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်(၈၈)ချက်မှ ကဏ္ဍ အလိုက်‌ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ အပေါ်မူတည်၍ ပြန်လည်ဆန်းစစ်ပြီး သုံးသပ်ချက် အစီအရင် ခံစာတစ်စောင်ပြုစုရန် ဖြစ်ပါကြောင်း၊ အစည်းအဝေး တက်ရောက် လာကြသော ကော်မတီဝင်များ အနေဖြင့် အကြံပြုချက်ကော်မတီအတွင်းရေးမှူးရုံးက လေ့လာ ဆန်းစစ်ဖော်ထုတ်မှုရလဒ်များအရ သုံးသပ်ချက် အစီရင်ခံစာ(မူကြမ်း)ကို ပြုစုထားရှိ ပါသဖြင့် ထိုအစီရင်ခံစာ(မူကြမ်း)အပေါ် ဖြည့်စွက်အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း။

ထိုကဲ့သို့ သုံးသပ်ချက်အစီရင်ခံစာပြုစုပေးခြင်းဖြင့် နောင်ဆက်လက်တာဝန်ယူမည့်သူ များက လိုအပ်သော စီမံမှုများကိုချမှတ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ရေတိုရေရှည် စီမံချက် များဖြင့် ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ဖြစ်ပါ ကြောင်း၊ ဆန်းစစ်ချက်အစီရင်ခံစာ(မူကြမ်း)ကို ကော်မတီ၏()လတစ်ကြိမ်ပြုစုထားသော ပြည်သူသို့ အစီရင်ခံစာ များတွင် ဖော်ပြနိုင်ခဲ့သည့် အချက်အလက်များ၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့် သက်ဆိုင် ရာဝန်ကြီးဌာနအသီးအသီးက ပေးပို့လာသည့် လစဉ်အစီရင်ခံစာပါ အချက် အလက်များကိုစုစည်း၍ ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုကို အဆင့်များ သတ်မှတ်ပြီး ပြန်လည် ဆန်းစစ် သုံးသပ် တင်ပြထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါ သုံးသပ်ချက် များနှင့်စပ်လျဉ်း၍ မြေပြင် တွင် လက်ရှိအမှန်တကယ်ပြောင်းလဲမှုအခြေအနေ များနှင့်ထင် ဟပ်နိုင်ရန် ကော်မတီအတွင်း ရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင်ကာ ရခိုင်ပြည်နယ်အတွင်း လက်တွေ့ အကောင် အထည်ဖော်ဆောင်ရွက်နေသည့် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီး၏ ပြည်နယ် ဦးစီးမှူးများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့် ထပ်ဆင့်ညှိ နှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပ ခဲ့ပါကြောင်း။

https://www.moi.gov.mm/news/10125

No comments:

Post a Comment