တိုက်ပွဲကြောင့် မန်စံမှာ တိမ်းရှောင်နေရသူ (၂ဝဝ)ကျော်ရှိ၊ အနွေးထည်တွေ လိုအပ်နေ
https://www.shwepheemyay.com/node/136
လွေးအေးမီး၊ ရွှေဖီမြေ
ဒီဇင်ဘာ ၁၃ ရက်၊ နမ္မတူ
တိုက်ပွဲကြောင့် ဒီဇင်ဘာလ ၉ ရက်ကနေစတင်ပြီး နမ္မတူမြို့နယ် မန်စံကျေးရွာမှာ တိမ်းရှောင်နေရသူ (၂ဝဝ)ကျော် ရှိနေပြီး အနွေးထည်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ နားကျိုင်းရွာက တိုက်ပွဲရှောင်တွေဟာ မနေ့က နေရပ်ကို ပြန်သွားကြပြီး ပိန်းလုံရွာခံတွေကတော့ ထပ်မံတိမ်းရှောင်လာတဲ့သူတွေ ရှိနေပါတယ်။
လက်ရှိမှာ တိုက်ပွဲငြိမ်နေပေမယ့် ထပ်ဖြစ်မှာကို စိုးရိမ်ပြီးတော့ တိမ်းရှောင်လာကြတာဖြစ်တယ်လို့ နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက ပြောပါတယ်။
ကျန်ရှိနေသေးတဲ့ ပိန်းလုံ၊ နားကျဲ၊ ကွန်ချောင်း၊ နမ့်ပိုင်၊ ပိန်းထွမ် စတဲ့ကျေးရွာ (၅)ရွာက ဒေသခံ(၂၁၂)ဦးကတော့ မန်စံကျေးရွာရှိ ရွှေစကားဝါကျောင်းတိုက်မှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။
ဒေါ်နန်းခမ်းအေးက “အစားအသောက်အပိုင်းက သူတို့အဆင်ပြေအောင် နေ့တိုင်း စီစဉ်ပေးတယ်။ ကျွန်မအမြင်ကျတော့ အစားအသောက်ထက် ဆောင်းတွင်းဖြစ်နေတော့လေ သူတို့အတွက် အနွေးထည်တွေ ပိုလိုအပ်တယ်လို့ မြင်တယ်” လို့ သူက ဆိုပါတယ်။
SSPP၊ TNLA နဲ့ RCSS တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး တိုက်ပွဲကတော့ ဒီဇင်ဘာလ ၉ ရက်မှာ နားကျဲရွာအနီးမှာ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
နမ္မတူမြို့နယ်ထဲမှာ SSPP၊ TNLA၊ RCSS တပ်ဖွဲ့တွေအပြင် KIA တပ်ဖွဲ့လည်း သွားလာလှုပ်ရှားနေတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။
#တိုက်ပွဲရှောင် #SSPP #TNLA #RCSS #အနွေးထည် #မန်စံရွာ #နမ္မတူ
#ဓာတ်ပုံ- Nang Kham Aye, Myo That Zaw
https://www.facebook.com/451214215694715/posts/858567514959381/
https://www.facebook.com/shwepheemyaynews/posts/858567514959381
No comments:
Post a Comment