Thursday, December 24, 2020

ထိုင္း-ျမန္မာနယ္စပ္ ေသာင္ရင္းျမစ္ကမ္းတေလၽွာက္ ထိုင္းဘက္ျခမ္းက လုံျခဳံေရးတိုးျမႇင့္

 ထိုင္း-ျမန္မာနယ္စပ္ ေသာင္ရင္းျမစ္ကမ္းတေလၽွာက္ ထိုင္းဘက္ျခမ္းက လုံျခဳံေရးတိုးျမႇင့္

Posted: December 25, 2020


ထိုင္းနိုင္ငံအတြင္း တစ္ေက်ာ့ျပန္ ကိုဗစိဂယက္ေၾကာင့္ ထိုင္းဘက္ျခမ္းက  အမွတ္(၃) အေရွ႕တိုင္းမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး အဖိေခ့်ဆုစပ္ မွ ဒီဇင္ဘာ ၂၄ ရက္နံနက္ပိုင္းက  ထိုင္း-ျမန္မာနယ္စပ္ ျမဝတီ-မဲေဆာက္ ေသာင္းရင္းျမစ္ကမ္းတေလၽွာက္ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီးေနာက္ လုံျခဳံေရးတိုးျမႇင့္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

 

ၿပီးခဲ့တဲ့ ရက္ပိုင္းကစ၍ ျမန္မာအလုပ္သမား အမ်ားစုေနထိုင္ရာ ထိုင္းနိုင္ငံ စမြတ္ဆာခြန္ခရိုင္ မဟာခ်ိဳင္နယ္ေျမအတြင္း Covid. 19 ပိုးေတြ႕လူနာ ၁၀၀၀ ေက်ာ္ ေတြ႕ရွိခဲ့ၿပီးေနာက္ ယခုလို ထိုင္း- .ျမန္မာနယ္စပ္မွာ ႏွစ္နိုင္ငံ တရားမဝင္နယ္စပ္ ျဖတ္ေက်ာ္ျခင္းမ်ား မျပဳလုပ္နိုင္ေရးအတြက္ ဒီဇင္ဘာ ၂၄ ရက္ နံနက္ပိုင္းက ထိုင္းစစ္တပ္မွ အမွတ္ (၃) အေရွ႕တိုင္းမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး အဖိေခ့်ဆုစပ္ ကိုယ္တိုင္ လာေရာက္စစ္ေဆးၿပီး လုံျခဳံတိုးျမႇင့္ေဆာင္ရြက္ရန္ ညႊန္ၾကားခဲ့ျခင္းျဖစ္သည္။

 

ထိုသို႔ ဒုတိယဗိုလ္ခ်ဳပ္ႀကီး အဖိေခ့်ဆုစပ္၏ ညႊန္ၾကားမႈအရ ထိုင္းဘက္ျခမ္း ေသာင္ရင္းျမစ္ကမ္းတေလၽွာက္မွာ သံဆူးႀကိဳးမ်ား ကာရံျခင္း ၊ cctv ကင္မရာမ်ား တပ္ဆင္ျခင္း၊ ေဒသတာဝန္ရွိ ဌာနဆိုင္ရာမ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕မွ ေစာင့္ၾကည့္ျခင္း စသည္ျဖင့္ လုံျခဳံေရးတိုးျမႇင့္ ေဆာင္ရြက္ထားသည္ဟု ထိုင္းဘက္ျခမ္းက သိရသည္။ 

 

၎အျပင္ ေနရပ္ျပန္ ထိုင္းေရာက္ ျမန္မာလုပ္သားမ်ား အေပၚ ျမန္မာနိုင္ငံအစိုးရဘက္က ထိုင္း-.ျမန္မာ ျမဝတီ.-မဲေဆာက္ အမွတ္ ၂ တံတား မွတဆင့္ ႀကိဳဆိုလက္ခံျခင္းမ်ား ျပဳလုပ္ေပးေနသလို ျမန္မာျပည္တြင္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေရာက္ရွိေနသည့္ ထိုင္းနိုင္ငံသားမ်ားကိုလဲ အလားတူ လက္ခံႀကိဳဆို သြားမည္ဟု ထိုင္းဘက္ျခမ္းက ေျပာသည္။ 

 

ထိုကဲ့သို႔ ထိုင္းဘက္ျခမ္းက ယခုရက္ပိုင္းအတြင္း ေသာင္ရင္းျမစ္ကမ္းတေလၽွာက္ လုံျခဳံေရးတိုးျမႇင့္ ေဆာင္ရြက္ထားေသာ္လည္း ႏွစ္နိုင္ငံကုန္သြယ္မႈ မထိခိုက္ေစေရးအတြက္ ထိုင္း-.ျမန္မာ မဲေဆာက္-.ျမဝတီ အမွတ္ ၂ တံတားမွတဆင့္ ပုံမုန္အတိုင္း ခြင့္ျပဳေပးသြားမည္ျဖစ္သည္။ 

 

ႏွစ္နိုင္ငံနယ္စပ္ျဖတ္ေက်ာ္ရာတြင္ ယခင္က ပုံမွန္အသုံးျပဳခဲ့ေသာ အမွတ္ (၁) ခ်စ္ၾကည္ေရးတံတားႏွင့္ ေသာင္ရင္းျမစ္ကမ္း တေလၽွာက္ရွိ ေလွဆိပ္ ၃၃ ခုကို ၿပီးခဲ့သည့္ မတ္လ ၁၆ ရက္ေန႔ကတည္းက ပိတ္ထားျခင္းျဖစ္ၿပီး ယခုအခါ ထိုင္းနိုင္ငံတြင္း တေက်ာ့ျပန္ ကိုဗစ္ဂယက္ေၾကာင့္ ထိုင္းဘက္ျခမ္းမွ လုံျခဳံေရးတိုးျမႇင့္ ေဆာင္ရြက္လာျခင္း ျဖစ္သည္။   

 

လက္ရွိ ထိုင္း-.ျမန္မာနယ္စပ္ ျမန္မာဘက္ျခမ္း ျမဝတီၿမိဳ႕တြင္ ကိုဗစ္ပိုးေတြ႕လူနာ ၄၀၀ ေက်ာ္ရွိေနၿပီး ထိုင္းနိုင္ငံဘက္ျခမ္း မဲေဆာက္ၿမိဳ႕တြင္လည္း ကိုဗစ္လူနာ ၁၀၀ ေက်ာ္ရွိလာေၾကာင္း သိရသည္။

 

The Ladies News

 

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းတလျှောက် ထိုင်းဘက်ခြမ်းက လုံခြုံရေးတိုးမြှင့်

-----                            -----                              -----

ထိုင်းနိုင်ငံအတွင်း တစ်ကျော့ပြန် ကိုဗစိဂယက်ကြောင့် ထိုင်းဘက်ခြမ်းက  အမှတ်(၃) အရှေ့တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး အဖိချေ့ဆုစပ် မှ ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းက  ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် သောင်းရင်းမြစ်ကမ်းတလျှောက် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းကစ၍ မြန်မာအလုပ်သမား အများစုနေထိုင်ရာ ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်နယ်မြေအတွင်း Covid. 19 ပိုးတွေ့လူနာ ၁၀၀၀ ကျော် တွေ့ရှိခဲ့ပြီးနောက် ယခုလို ထိုင်း- .မြန်မာနယ်စပ်မှာ နှစ်နိုင်ငံ တရားမဝင်နယ်စပ် ဖြတ်ကျော်ခြင်းများ မပြုလုပ်နိုင်ရေးအတွက် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ထိုင်းစစ်တပ်မှ အမှတ် (၃) အရှေ့တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး အဖိချေ့ဆုစပ် ကိုယ်တိုင် လာရောက်စစ်ဆေးပြီး လုံခြုံတိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ ဒုတိယဗိုလ်ချုပ်ကြီး အဖိချေ့ဆုစပ်၏ ညွှန်ကြားမှုအရ ထိုင်းဘက်ခြမ်း သောင်ရင်းမြစ်ကမ်းတလျှောက်မှာ သံဆူးကြိုးများ ကာရံခြင်း ၊ cctv ကင်မရာများ တပ်ဆင်ခြင်း၊ ဒေသတာဝန်ရှိ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ စောင့်ကြည့်ခြင်း စသည်ဖြင့် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ထားသည်ဟု ထိုင်းဘက်ခြမ်းက သိရသည်။ 

 

၎င်းအပြင် နေရပ်ပြန် ထိုင်းရောက် မြန်မာလုပ်သားများ အပေါ် မြန်မာနိုင်ငံအစိုးရဘက်က ထိုင်း-.မြန်မာ မြဝတီ.-မဲဆောက် အမှတ် ၂ တံတား မှတဆင့် ကြိုဆိုလက်ခံခြင်းများ ပြုလုပ်ပေးနေသလို မြန်မာပြည်တွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများကိုလဲ အလားတူ လက်ခံကြိုဆို သွားမည်ဟု ထိုင်းဘက်ခြမ်းက ပြောသည်။ 

 

ထိုကဲ့သို့ ထိုင်းဘက်ခြမ်းက ယခုရက်ပိုင်းအတွင်း သောင်ရင်းမြစ်ကမ်းတလျှောက် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ထားသော်လည်း နှစ်နိုင်ငံကုန်သွယ်မှု မထိခိုက်စေရေးအတွက် ထိုင်း-.မြန်မာ မဲဆောက်-.မြဝတီ အမှတ် ၂ တံတားမှတဆင့် ပုံမုန်အတိုင်း ခွင့်ပြုပေးသွားမည်ဖြစ်သည်။ 

 

နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ရာတွင် ယခင်က ပုံမှန်အသုံးပြုခဲ့သော အမှတ် (၁) ချစ်ကြည်ရေးတံတားနှင့် သောင်ရင်းမြစ်ကမ်း တလျှောက်ရှိ လှေဆိပ် ၃၃ ခုကို ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့ကတည်းက ပိတ်ထားခြင်းဖြစ်ပြီး ယခုအခါ ထိုင်းနိုင်ငံတွင်း တကျော့ပြန် ကိုဗစ်ဂယက်ကြောင့် ထိုင်းဘက်ခြမ်းမှ လုံခြုံရေးတိုးမြှင့် ဆောင်ရွက်လာခြင်း ဖြစ်သည်။   

 

လက်ရှိ ထိုင်း-.မြန်မာနယ်စပ် မြန်မာဘက်ခြမ်း မြဝတီမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၄၀၀ ကျော်ရှိနေပြီး ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့တွင်လည်း ကိုဗစ်လူနာ ၁၀၀ ကျော်ရှိလာကြောင်း သိရသည်။

 http://www.theladiesnewsjournal.com/news/fri-2020-12-25-0540/14212

No comments:

Post a Comment