Tuesday, December 1, 2020

ဒီမိုကရေစီ ခိုင်မာရေး ဆောင်ရွက်နေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြေ

 ဒီမိုကရေစီစနစ် ခိုင်မာရေးအတွက်  တတ်စွမ်းသ၍ ဆောင်ရွက်နေကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မြစ်ကြီးနား တပ်နယ်နှင့် မြစ်ကြီးနား လေတပ်စခန်းဌာနချုပ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ဒီဇင်ဘာ ၁ ရက်က တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ဆုံမှုတွင် တပ်မတော်သည် နိုင်ငံသားများကို ကာကွယ်ပေးရန် တာဝန်ရှိကြောင်း၊ ဒီမိုကရေစီစနစ် ထူထောင်ရာတွင် နိုင်ငံရေးအရ ဒီမိုကရေစီကျင့်စဉ်များ ရင့်ကျက်ရန် လိုအပ်သကဲ့သို့ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးတည်ငြိမ်မှု၊ လူမှုရေးတည်ငြိမ် မှုတို့ရှိရန် လိုကြောင်း၊ ပြည်သူလူထု လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးအတွက် ၎င်းကိစ္စများကို  တပ်မတော်က တတ်စွမ်းသရွေ့ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး တစ်နိုင်ငံလုံးငြိမ်း ချမ်းမှုရရှိရေး ဆောင်ရွက်နေကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ စ၍ ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တိုင်အောင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကြေညာချက် ၉ စောင်ထုတ်ပြန်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ၁၉၄၇ ခုနှစ်၊ ပင်လုံ သဘောတူညီချက်များနှင့် အမျိုးသားခေါင်းဆောင်နှင့် တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပြောကြားချက်များအရ နိုင်ငံတော်ကို ယခင်ကတည်းက ပြည်ထောင်စုနိုင်ငံ (UNION) အဖြစ်တည်ဆောက်ခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ “အခန်း ၁ ၊ နိုင်ငံတော်၏ အခြေခံမူများ” နှင့် “အခန်း ၈ ၊ နိုင်ငံသား၊ နိုင်ငံသား များ၏ မူလအခွင့်အရေးနှင့် တာဝန်များ” အခန်း၌ နိုင်ငံတော်က နိုင်ငံသားအားလုံးအတွက် တူညီသော ကတိကဝတ်များ၊ အာမခံချက်များအား အပြည့်အဝပေးထားကြောင်း၊ လူမျိုး၊ ဘာသာ ခွဲခြားမှုမရှိ အခွင့်အရေးတန်းတူရရှိလျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံရေးအရဖြစ်နိုင်သည်များကိုသာ လုပ်ဆောင်ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

ကချင်ပြည်နယ် ခရီးစဉ်အတွင်း ကချင်နှစ်ချင်းခရစ်ယာန်အသင်းချုပ်နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေးမှုတွင် ကာကွယ်ရေးဦးစီးချုပ်က ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လျှောက်လှမ်းနေချိန် တွင် ငြိမ်းချမ်းမှုမရှိလျင် မဖြစ်သည့်အတွက် ငြိမ်းချမ်းရေးရရှိအောင် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ (EAO) များ၏ တည်ရှိမှု၊ အသိအမှတ်ပြုထားသည့် နေရာမှန်သမျှကို တပ်မတော် အနေဖြင့် လက်ဦးမှုရယူတိုက်ခိုက်သွားမည် မဟုတ်ကြောင်း၊  တိုင်းပြည်နှင့် ဒေသ တည်ငြိမ် အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


https://myanmar.mmtimes.com/news/147693.html

No comments:

Post a Comment