Wednesday, December 23, 2020

တပ်မတော်၏ ပထမဆုံး ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ အပါအဝင် စစ်ရေယာဉ် ခုနစ်စီး တပ်တော်ဝင်

 တပ်မတော်၏ ပထမဆုံး ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ အပါအဝင် စစ်ရေယာဉ် ခုနစ်စီး တပ်တော်ဝင်

PUBLISHED 24 DECEMBER 2020

တပ်မတော် (ရေ) ၏ (၇၃) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တပ်မတော်၏ ပထမဆုံး ရေငုပ်သင်္ဘောဖြစ်သည့် မင်းရဲသိင်္ခသူ အပါအဝင် စစ်ရေယာဉ် ခုနစ်စီး တပ်တော်ဝင်ခြင်းအခမ်းအနားကို ယနေ့ ( ဒီဇင်ဘာ ၂၄ ရက်) တွင် အမှတ် (၃) ရေတပ်ဆိပ်ခံတံတား၊ သီလဝါတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

တပ်တော်ဝင်ခဲ့သည့် စစ်ရေယာဉ်များမှာ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲသိင်္ခသူ)၊ ၆၃ မီတာ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးရေယာဉ် နှစ်စီး၊ ၄၉ မီတာ အမြန်သွား တိုက်ခိုက်ရေးရေယာဉ် (ဒုံးပျံ) တစ်စီး၊ ၅၆ မီတာ တင့်ကားတင် ကမ်းထိုးရေယာဉ်တစ်စီးနှင့် ၂၆ မီတာ ပင်လယ်သွား တွဲဆွဲရေယာဉ် နှစ်စီးတို့ဖြစ်သည်။

၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သော တပ်မတော် (ရေ) သည် ဒီဇင်ဘာ ၂၄ ရက်တွင် (၇၃) နှစ်မြောက်ခဲ့ပြီဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်တို့ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် တပ်တော်ဝင်ခြင်းအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E Dr. Nikolay A. LISTOPADOV ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Mr. Saurabh Kumar ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အိန္ဒိယရေတပ်၊ အရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး Vice Admiral Atul Kumar Jain၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရေတပ်စခန်း ဌာနချုပ်မှူးများနှင့် တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်များ တက်ရောက်ခဲ့ကြသည်။

https://news-eleven.com/article/200604

No comments:

Post a Comment