Monday, December 28, 2020

ဓညဝတီရေတပ်စခန်းအကြောင်း ရေးတင်လို့ ထောင်ဒဏ် ငါးနှစ်ချမှတ်ခံရသူ အယူခံတင်မည်

 ဓညဝတီရေတပ်စခန်းအကြောင်း ရေးတင်လို့ ထောင်ဒဏ် ငါးနှစ်ချမှတ်ခံရသူ အယူခံတင်မည်

နီမင်းထွန်း

2020-12-29

Email storyComment on this storySharePrint story

ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်ပို့ရန်

ဓညဝတီရေတပ်စခန်းအကြောင်း ရေးတင်လို့ ထောင်ဒဏ် ငါးနှစ်ချမှတ်ခံရသူ အယူခံတင်မည်

ရခိုင်ပြည်နယ် ကျောက်ဖြူ အကျဉ်းထောင်ကို တွေ့ရစဉ်

 Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာရှိတဲ့ ဓညဝတီ တပ်မတော်ရေတပ်စခန်းနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ စာရေးသား တင်လို့ ထောင်ဒဏ် ငါးနှစ် ချမှတ်ခံလိုက်ရတဲ့ လူငယ်အတွက် ကျောက်ဖြူခရိုင် တရားရုံးမှာ အယူခံတက်ဖို့ တရားခံရှေ့နေဘက်က ပြင်ဆင်နေပါတယ်။


ပြစ်ဒဏ်ချမှတ်ခံလိုက်ရသူဟာ အသက် ၁၉ နှစ်အရွယ် ၁၀ တန်းကျောင်းသား မောင်တင်ချမ်းဖြစ်ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့ကပဲ ကျောက်ဖြူမြို့နယ်တရားရုံးက အီလက်ထရောနစ်အက် ဥပဒေပုဒ်မ ၃၃(ခ)နဲ့ ထောင် ငါးနှစ် အမိန့်ချလိုက်တာပါ။


ရက်ပေါင်း ၃၀ အတွင်းမှာ အယူခံတင်သွားမယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးဦးညွှန့်မောင် က ပြောပါတယ်။


မောင်တင်ချမ်းဟာ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဓညဝတီရေတပ်စခန်းက စစ်ရေယာဉ်တွေကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ဖို့ ခေါ်ယူတိုက်တွန်းခြင်းဆိုပြီး ရေးတင်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာပါ။


ဓညဝတီရေတပ်က ဗိုလ်ကြီး ပြည့်ဖြိုးအောင်က တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။


မောင်တင်ချမ်းရဲ့ဖခင်ဖြစ်သူ ဦးစံမောင်နုကတော့ ဖေ့စ်ဘွတ်လူမှုစာမျက်နှာမှာ ရေးတင်တာကို အခုလိုထောင်ဒဏ် ငါးနှစ်အထိ ချမှတ်လိုက်တာဟာ လက်ခံနိုင်စရာမရှိဘူးလို့ပြောပါတယ်။


သားဖြစ်သူအတွက် တရားမျှတမှုကို လိုချင်တယ်လို့လည်း သူကဆိုပါတယ်။ အီလက်ထရောနစ်အက် ဥပဒေပုဒ်မ ၃၃(ခ) ဟာ နိုင်ငံတော် လျှို့ဝှက်ချက်နဲ့ဆိုင်တဲ့ သတင်းအချက်အလက်တစ်ရပ်ရပ်ကို ရယူတာ ဒါမှမဟုတ် ပေးပို့ဖြန့်ဝေတာအတွက် စွဲဆိုနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။ ပြစ်မှုထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် ငါးနှစ်ကနေ ခုနစ်နှစ်အထိ ချမှတ်နိုင်ပါတယ်။


https://www.rfa.org/burmese/news/kyauk-phyu-youth-will-appeal-court-12292020065419.html

No comments:

Post a Comment