ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှုအကောင်အထည် ဖော်ရေးဆိုင်ရာ ကနဦးပြန်လည်နေရာချထားရန်လျာထားသည့် ကျေးရွာ ၂၄ ရွာမှ အတည်ပြု ရွေးချယ်ထားသော ကျေးရွာ ၁၇ ရွာအနက် ပထမဦးစားပေးအဖြစ်ရွေးချယ်ထားသည့် ဝိုင်းမော်မြို့ နယ်အတွင်းရှိ တဘက်ယန်ကျေးရွာအတွင်း ဒီဇင်ဘာ ၁၃ ရက်မှ ၁၆ ရက်အထိ တပ်မတော်မှ မိုင်းရှင်းလင်းရေး လုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာအတွင်းရှိ လူနေအိမ် ၂၆၈ လုံး၊ ခရစ်ယာန်ဘုရား ကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံး ၁ ရုံး၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၁ ခုနှင့် ကျေးရွာအဝင်/အထွက်လမ်းများအား မိုင်းရှင်းလင်းရေးဆောင်ရွက်ပေးခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်တွင် ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှုး ဦးနိုင်ဝင်း ထံအပ်နှံပေးခဲ့သည်။
ကျေးရွာအတွင်းမိုင်းရှင်းလင်းရေးဆောင်ရွက်စဉ် တိုက်မိုင်းကိုယ်ထည် ၁၀ လုံးအား ဖော်ထုတ်ရှင်းလင်း သိမ်းဆည်းနိုင်ခဲ့ကြောင်းသတင်းရရှိသည်။
http://dsinfo.org/node/753
No comments:
Post a Comment