ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း လက်နက်ကိုင်မဟာမိတ်(၃)ဖွဲ့ ထုတ်ပြန်
ယနေ့(ဇန်နဝါရီ ၁ ရက်)မှစတင်ပြီး ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့နံနက်ပိုင်းက ထုတ်ပြန်လိုက်သည်။
ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေသော အခြေအနေတစ်ခုကို ဖန်တီးနိုင်ရန် AA အဖွဲ့အပါအဝင် ကိုးကန့်(MNTJP/MNDAA)နှင့်တအာင်း(PSLF/TNLA)ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။
မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နှင့် ၎င်းတို့အဖွဲ့အစည်းများကြားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရန်၊ လက်တွေ့ကျသောလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်နှင့် နှစ်ဖက်ယုံကြည်မှုတည်ဆောက်နိုင်ရန်၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများအားလုံး၏ နယ်စပ်၌ တည်ငြိမ်အေးချမ်းမှုရရှိစေနိုင်ရန် ယခုကဲ့သို့ တစ်ဖတ်သတ်အပစ်အခတ်ရပ်စဲခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။
အဆိုပါညီနောင်မဟာမိတ်(၃)ဖွဲ့က ၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ ရက်မှစတင်ကာ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းကို သက်တမ်းအကြိမ်ကြိမ်တိုးမြှင့်ပြီး အပစ်အခတ်ရပ်စဲခြင်းကို အကြိမ်ကြိမ်ကြေညာခဲ့သည်။
တပ်မတော်အနေဖြင့်လည်း ထာဝရငြိမ်းချမ်းရေးရရှိစေရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချော့မွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် ဇန်နဝါရီလကုန်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို တိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့(ဒီဇင်ဘာ ၃၁ ရက်)က ထုတ်ပြန်ခဲ့သည်။
http://sdtimedaily.com/2021/01/01/zm04-281/
No comments:
Post a Comment