Tuesday, December 1, 2020

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများရပ်ဆိုင်းမည်ဟု တပ်မတော်ထုတ်ပြန်

 

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများရပ်ဆိုင်းမည်ဟု တပ်မတော်ထုတ်ပြန်

နိုင်ငံတော်မှအကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဒီဇင်ဘာ ၃၁ ရက်အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့(ဒီဇင်ဘာ ၁ ရက်) တွင် ထုတ်ပြန်ကြေညာသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာအောင် ဆက်လက်ဆွေးနွေးနိုင်ရေး၊ လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များအနေဖြင့်လည်း လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးအောင်မြင်ပြီးမြောက်သည်အထိ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် COVID-19 ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးတို့အတွက် ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

တပ်မတော်၏အပစ်ခတ်ရပ်ဆဲရေးကြေညာချက်ကို မေလမှစတင်၍ ဩဂုတ်လအထိပြုလုပ်ခဲ့ပြီး ဩဂုတ်လနောက်ပိုင်း လစဉ်ထပ်မံတိုးလာခဲ့ရာ ယခု ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ရပ်ဆိုင်းပေးခဲ့သည့်အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် တပ်မတော်ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီး ဖြစ်သည်။

http://sdtimedaily.com/2020/12/01/zm02-288/

No comments:

Post a Comment